
မုံရွာမှာ ဖမ်းဆီးထားတဲ့ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို နေတဲ့ လူအုပ်ကို ပစ်ခတ်ဖြိုခွင်း၊ ဒဏ်ရာရသူတွေလည်းရှိ မုံရွာမြို့မှာ အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဆရာရာမတွေကို ပြန်လွှတ်ပေးဖို့ မြင်းမူလမ်း ချင်းတွင်းရတနာဈေးအနီးမှာ ဆန္ဒပြနေတဲ့ လူအုပ်ကို နေ့လယ် ၁နာရီ ဝန်းကျင်လောက်မှာ ရဲနဲ့ စစ်ကားတွေက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ဒဏ်ရာရသူ တွေလည်းရှိနေတယ်လို့ အဆိုပါနေရာကနေ ထွက်ပြေးလာခဲ့ရသူ ကိုဖြိုးက ဘီဘီစီကို ပြောပါတယ်။ ‘ ‘ ကျောင်းသားတွေ၊ဆရာမတွေ တင်ထားတဲ့အချုပ်ကားတွေထွက်မရအောင် လူထုက ပိတ်ပြီး ဆန္ဒပြနေတာ။ မျက်စိရှေ့မှာတော့ တစ်ယောက်ထိသွားတာတွေ့တယ်။ တော်တော်များများတော့ရှိမယ်။ ပထမဆုံး တော့ ရေကားတွေနဲ့ ပစ်တယ်။ ပြီးတော့ ရာဘာကျည်တွေနဲ့ပစ်တယ်။ လူအုပ်ထဲကို မျက်ရည်ယိုဗုံးနဲ့ ပစ်တယ်။''လို့ သူက ပြောပါတယ်။ မုံရွာမြို့ကအခြေအနေတွေနဲ့ နောက်ဆုံးရသတင်းတွေအကြောင်းကို ဘီဘီစီမြန်မာပိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာမှာ ဖတ်ရှုနိုင်ကြပါတယ်။ https://bbc.in/3r1o6Mf Credit: