No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်အာဏာသိမ်းအစိုးရ လုပ်ရပ် မကြိုက်လို့ ပုသိမ်က ရဲတပ်ကြပ် နုတ်ထွက် ~~~~~~ ■ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူရုံးက ရဲတပ်ကြပ်တစ်ဦးဟာ စစ်အာဏာသိမ်းအစိုးရ လုပ်ရပ်တွေကို မကြိုက်လို့ဆိုကာ ဒီနေ့ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ နုတ်ထွက်ခဲ့တဲ့ ရဲတပ်ကြပ် ရန်နိုင်ထက် ဟာ စစ်အာဏာသိမ်းအစိုးရရဲ့ လုပ်ရပ်တွေက ပြည်သူတွေကို ထိခိုက်နစ်နာစေတယ်လို့ သူ့ရဲ့ နုတ်ထွက်စာမှာ ရေးသားထားပါတယ်။ အဲဒီလို စစ်အာဏာသိမ်းအစိုးရ လက်အောက်မှာ ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်တွေ ဆက်လက်မဆောင်ရွက်ချင်လို့ အခုလို နုတ်ထွက်စာ တင်တာလို့ ရေးသားထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ သစ္စာလေးချက်ကို ဖောက်ဖျက်တာမဟုတ်ဘဲ စစ်အာဏာရှင်အလိုမရှိလို့ ရုန်းမတက်ဘဲ ရုန်းထွက်တာလို့ ရေးသားတင်ပြ နုတ်ထွက်ခဲ့တာပါ။ Credit: