No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"တားဆီးပိတ်ဆို့မှုများရှိသော်လည်း မိတ္ထီလာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လုပ်" ယနေ့ မိတ္ထီလာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများ စတင်ထွက်ခွာလေ့ရှိသည့် စုရပ်နေရာ ရွှေအုန်းပင်ဟိုတယ်အနီး စည်ပင်ရိပ်သာလမ်းအား ရဲတပ်ဖွဲ့က လမ်းပိတ်တားဆီးထားခြင်း၊ရဲနှင့် တပ်မှ မော်တော်ယာဉ်တန်းဖြင့် မြို့ပေါ်လှည့်လည်ခြင်းများရှိသော်လည်း ပြည်သူများက ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်ခဲ့သည်။ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ တားဆီးမှုများကို ရှောင်ကွင်း၍ ငြိမ်းချမ်းစွာ လှည့်လည်ခဲ့ကြသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ဓာတ်ပုံ - 7day News Credit: