မန္တလေးမှာထိုင်သပိတ်လုပ်နေတဲ့ သံဃာနဲ့ပြည်သူတွေကို လေးခွနဲ့ဝင်ပစ် -------------------------- မန္တလေး မြတောင်ကျောင်းတိုက်ရှေ့ ငြိမ်းချမ်းစွာထိုင်သပိတ်ပြုလုပ်တော်မူနေကြတဲ့သံဃာတော်တွေနဲ့ ပူးပေါင်းပါဝင်ကြတဲ့ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့က ဒီကနေ့မွန်းလွဲပိုင်းက လောက်လေးခွတွေနဲ့ဝင်ပစ်ပြီးလူစုခွဲစေတာမှာ ဆန္ဒပြလူငယ်တစ်ဦး မျက်နှာထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရလူငယ်ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်လိုက်တဲ့လောက်စာလုံးထိမှန်ခဲ့တာဖြစ်ပြီး ဒဏ်ရာကိုတော့ ပရဟိတအသင်းတစ်ခုကပဲ ပြုစုကုသမှု ပေးခဲ့တာဖြစ်ပါတယ်။ သံဃာတော်တွေငြိမ်းချမ်းစွာထိုင်သပိတ်ပြုလုပ်နေတဲ့နေရာကို စစ်ယာဉ်တန်းနဲ့ရောက်လာတဲ့လုံခြုံရေးတပ်ဖွဲ့ဟာ သံဃာတော်တွေနဲ့ဆန္ဒပြသူတွေလူစုကွဲ သွားပြီးနောက် အခင်းဖြစ်နေရာကနေပြန်ထွက်သွားတဲ့အခါမှာလည်း အနီးအနားကပြည်သူတွေကို လောက်လေးခွတွေနဲ့ပစ်ခတ်သွားသေးတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ(မန္တလေး) Credit:
