
မုံရွာမြို့တွင် ဖမ်းဆီးထားသူများကို တင်ဆောင်ထားသော အချုပ်ကား၊ရဲကားများက တားဆီးထားသော လူထုအားမျက်ရည်ယိုဗုန်း ၊ရာဘာကျည် တို့ဖြင့် ပစ်ခတ် ဖြိုခွဲကာ ထွက်ခွာသွားသည်။ သို့သော်မုံရွာမြိုဒေသခံပြည်သူများနှင့် ကျောင်းသားများသည် ယနေ့ညနေတွင် လူပြန်စု၍ ကျောက္ကာလမ်းမကြီးပေါ်တွင် လူထုသပိတ်စစ်ကြောင်းအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ဖမ်းဆီးထားသော ကျောင်းသားများ ပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖော်နေကြသည်။ Credit: