
"မကွေးမြို့ ဆန္ဒပြစစ်ကြောင်းများအားမျက်ရည်ယိုဗုံးများဖြင့်ဖြိုခွင်း ၊ လူ ၅၀ ကျော်ဖမ်းဆီးခံရ" မကွေးမြို့၌ ယနေ့ဆန္ဒပြသောစစ်ကြောင်းများအား ရဲတပ်ဖွဲ့နှင့်စစ်တပ်က မျက်ရည်ယိုဗုံးများဖြင့်ဖြိုခွင်းခဲ့ပြီး ကျောင်းသားခေါင်းဆောင်များနှင့်ပြည်သူ ၅၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်းဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကပြောသည် ။ နံနက် (၉)နာရီခွဲကျော်တွင် မကွေးမြို့ မေတ္တာလမ်းနှင့် ပြည်တော်သာလမ်းတွင်ချီတက်လာသည့် စစ်ကြောင်းအား မျက်ရည်ယိုဗုံးများ ပစ်၍ စတင်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ထို့နောက် မကွေးမြို့အ.ထ.က(၁)လမ်း တွင်လည်းမျက်ရည်ယိုဗုံးများဖြင့် ဆက်လက်ဖြိုခွင်း၍ ဆန္ဒပြပြည်သူများအား ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများကိုမကွေးမြို့နယ် ဒေါင်းနေကျေးရွာရှိ ရဲတပ်ရင်း(၂၅)သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောသည်။ ဓာတ်ပုံ - 7Day News Credit: