
လှည်းတန်းမှာ ဝမ်းဗိုက်ထိမှန်ကွယ်လွန်သွားသူကို လွမ်းသူပန်းများချကာ ဂုဏ်ပြု လှည်းတန်းမှာ ဒီနေ့မနက်က ဗိုက်ကို ကျည်ထိမှန်ပြီး ကွယ်လွန်သွားတဲ့သူအတွက် သူကျဆုံးသွားတဲ့နေရာမှာ ဒီနေ့နေ့လယ် ၂ နာရီကျော်က ပန်းများကြဲချကာ ဂုဏ်ပြုခဲ့ပါတယ်။ ကျဆုံးသွားတဲ့နေရာက လှည်းတန်းကျောင်းရှေ့မှတ်တိုင်အနီးရှိ ကမာရွတ် အမှတ် ၅ အထက်တန်းကျောင်းတံခါးမကြီးတည့်တည့်ဖြစ်ပါတယ်။ လှည်းတန်းမှာ ရဲတပ်ဖွဲ့အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၇ ဦး ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ပါတယ်။ မနက်ကတည်းက ဆုတ်ခွာလိုက် ပြန်ချီတက်လိုက်နဲ့ ဆက်တိုက်ဆန္ဒပြနေကြတဲ့ လှည်းတန်းဆန္ဒပြလူအုပ်ကြီးကလည်း ၂ နာရီခွဲခန့်မှာ လူစုခွဲကာ အိမ်ပြန်သွားကြပြီ ဖြစ်ပါတယ်။ Credit: