No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြောက်ဒဂုံပင်လုံလမ်းပေါ်မှာ ယခုထိ ဆန္ဒပြနေကြဆဲ၊ မသင်္ကာသူ ၄ ဦးလည်း ဖမ်းဆီးရမိ မြောက်ဒဂုံ ပင်လုံလမ်းပေါ်မှာ ယနေ့မနက်ကတည်းက ဆန္ဒပြနေကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း အကာအရံများနဲ့ နေရာယူထားပါတယ်။ မနက်ပိုင်းက သေနတ်ပစ်ဖောက်ခြောက်လှန့်တာပဲရှိခဲ့ပြီး ရဲတပ်ဖွဲ့က ရှေ့တိုးလာခြင်းတော့ မရှိသေးပါဘူး။ ဆန္ဒပြသူများက လမ်းကြားထိပ်တွေမှာ အကာအရံတွေချထားကာ ဆန္ဒပြနေကြတာဖြစ်ပြီး လူစုခွဲပြီး ဆုတ်ခွာလိုက် လူပြန်စုလိုက်နဲ့ တစ်နေကုန် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ညနေ ၄ နာရီခွဲခန့်အချိန်မှာတော့ ခါးမှာ တုတ်ထိုးထားသူတစ်ဦးအပါအဝင် မသင်္ကာသူ ၄ ဦးကို ဆန္ဒပြသူများက ဖမ်းဆီးရမိထားတယ်လို့လည်း သိရပါတယ်။ Credit: