No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွှေမန္တလေးမှာ လူသိန်းနဲ့ချီ ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော် ~~~~~ ရွှေမန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုတွေကြားက အခုလို အောင်မြင်စွာနဲ့ လူသိန်းနဲ့ချီတဲ့ ထိုင်သပိတ်ကြီးကို အခက်အခဲတွေကြားမှာ အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆန္ဒပြသပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မြန်မာနိုင်ငံအနှံ့ မန္တလေးအပါအဝင် အခြားမြို့တွေမှာလဲ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေပြီး ထိုကဲ့သို့ ပစ်ခတ်နှိမ်နှင်းမှုများကြောင့် သေဆုံးသွားရသူများ ရန်ကုန်မှာ (၂)ဦး၊ ပဲခူးမှာ (၁)ဦး၊ မန္တလေးမှာ (၁)ဦး၊ ထားဝယ်မှာ (၄)ဦး၊ မြိတ်မှာ (၂)ဦး စုစုပေါင်း (၁၀)ဦးထိ သေဆုံးသူများ ရှိလာခဲ့ပြီး ဒဏ်ရာရသူပေါင်း ရာနဲ့ချီရှိသလို ဖမ်းဆီးခံထားရသူတွေလည်း အများအပြား ရှိနေတယ်လို့ သတင်းရရှိထားပါတယ်။ အခုလို အကြမ်းဖက် သေနတ်၊ မျက်ရည်ဗုံးများဖြင့် ပစ်ခတ် ဖြိုခွင်းမှုတွေ လုပ်နေတဲ့ကြားက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်ပွဲတွေဟာ နိုင်ငံအနှံ့မှာ အရှိန်အဟုန် လျော့မသွားပဲ ဆက်လက် အားကောင်းနေလျှက်ရှိကြောင်း သတင်းရရှိထားပါတယ်။ Photos - Sai Hanone #နွေဦးတော်လှန်ရေး #MilkTeaAlliance Credit: