
ယနေ့ ဖေဖော်၀ါရီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့ ၆၂လမ်းနှင့် မနော်ဟရီလမ်းထောင့်၌ ၀န်ထမ်း ကျောင်းသားပြည်သူများက ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့နှင့် စစ်တပ်ကလည်း ၆၂လမ်း ကုတင် ၃၀၀ ဆေးရုံအနီး အသင့်ပြင်ထား၍ ကာကွယ်သည့်အနေဖြင့် ပြည်သူများက ၆၂လမ်းမပေါ် ရေမြောင်းအဖုံးကွန်ကရစ်များ၊ ခုံတန်းများ၊ စတီးတန်းများဖြင့် လမ်းပိတ်ထားခဲ့ကြသည်။ ညနေပိုင်းတွင်မူ ပိတ်ဆို့ထားသည့်အရာများအား ပြည်သူများကိုယ်တိုင် လာရောက်ရွှေ့ပြောင်းပေးခြင်း၊ ၆၂လမ်းမအား သန့်ရှင်းရေးပြုလုပ်ခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ Credit: