
နိုင်ငံတော်အတိုင်ပင်ခံကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ တရားစွဲ ~~~~ ■နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်တိုးအမှုဖွင့်လိုက်တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးမယ့် တရား လွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်က ပြောပါတယ်။ လွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ချက်တွေဟာ နိုင်ငံရေး မတည် မငြိမ်ဖြစ်စေတယ်ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုတာလို့ ရှေ့နေ ဦးသဲမောင်မောင်က သတင်းမီဒီယာတွေကို ဒီနေ့ပြောပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်တင်သွင်းလာတဲ့ ကိရိယာတွေနဲ့ ဆက်သွယ်ရေးအသုံးပြုတယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့လည်း ထပ်တိုးအမှုဖွင့်ထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေတွေနဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲ ဆိုထားပြီး ဖြစ်လို့ လက်ရှိမှာ တရားစွဲခံထားရမှုက ၄ မှုရှိနေပြီဖြစ်ပါတယ်။ Credit: