No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မတ်လ ၂၇ ရက်နေ့ ညနေ(၆)နာရီအထိ မုံရွာအခြေအနေ -------------------------------------------- မနက်ပိုင်း ပင်မသပိတ်စစ်ကြောင်း လူအင်အားသိန်းချီပါဝင်ခဲ့သလို ရပ်ကွက်စစ်ကြောင်းတွေလည်း ထွက်ခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာတော့ သာစည်လမ်းအတွင်း ရဲ၊ စစ်တပ်တို့က အတားအဆီးတွေဖယ်ရှား နေရာယူလာတာကြောင့် ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတင် ပြည်သူတွေ အကြမ်းဖက်ပစ်ခတ်ခံရပြီး လူတစ်ဦး နှလုံးဖောက်ဝင်ဒဏ်ရာနဲ့ ကျည်ဆံထိမှန်သေဆုံးခဲ့ပါတယ်။ ညနေပိုင်းမှာလည်း သာစည်လမ်းမှာပဲ ရဲ၊ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ရင်ညွန့်ကျည်ဆံထိမှန်ဒဏ်ရာ၊ လက်ကောက်ဝတ်ဖောက်ဝင်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို လိုက်ပါကူညီပေးနေတဲ့အဖွဲ့ရဲ့ ပြောပြချက်အရ ဒီနေ့ညနေ ၆ နာရီအချိန်ထိ သေဆုံးသူ နှစ်ဦး၊ ပြင်းထန်ဒဏ်ရာရရှိသူ ၈ ဦး၊ သာမန်ဒဏ်ရာရရှိသူ ၉ ဦးနဲ့အထက်ရှိတယ်လို့ ဆိုပါတယ်။ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း ကျဆုံးသူ ၁၅ ဦးရှိပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးအနေနဲ့ မတ်လ ၂၇ ရက်နေ့ တစ်ရက်ထဲမှာ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုတို့တွင် ရဲ၊ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးစီနဲ့ စုစုပေါင်း ၆ ဦးထိ ကျဆုံးခဲ့ပါတယ်။ #dvbtvnews #monywa #RejectMilitaryCoup #WhatIsHappeningInMyanmar Credit: