No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကနေ ဖမ်းခံရသူတွေထဲက (၅)ဦးကို ၅၀၅ (ခ)နဲ့ တရားစွဲဆို ဖေဖော်ဝါရီ ၂၇ရက်က မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခဲ့တဲ့ပြည်သူတွေ ထဲက (၅)ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခံထားရတယ်လို့သိရပါတယ်။ အမှုဖွင့်ခံရသူ (၅)ဦးအပါအဝင် အဖမ်းခံရ အယောက် (၄၀)နီးပါးကို အခုချိန်ထိ ပြန်မလွှတ်ပေး သေးဘူးလို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။ " ၂၇ ရက်က အယောက် ၃၀၀နီးပါးဖမ်းတယ်။ နောက် အမျိုးသမီးတွေပြန်လွှတ်ပေး တယ်။ အခု အယောက် ၄၀နီးပါးကျန်နေသေးတယ်။ အဲ့ ၄၀ထဲမယ် အမျိုးသမီး ၂ဦးကျန်ပြီး ကျန်တာကတော့ အမျိုးသားတွေချည်းပဲ။ ၅ယောက်ကိုတော့ ၅၀၅ (ခ)နဲ့ အမှုဖွင့်ထားတယ်။"လို့ သူက ဆက်ပြောပြပါတယ်။ ဒီအကြောင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။ https://bbc.in/3e9mUD1 Credit: