ည အိပ်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ခြင်း သွေးအတွင်း ရှိ အောက်ဆီဂျင် ဓာတ် ကျဆင်းစေပါသည်။ ဥပမာ ပြောရလျှင် ရေ အောက်အတွင်း အသက်ရှူအောင့်ထားသော သကဲ့သို့ ဖြစ်ပါသည်။ သွေးအတွင်း အောက်ဆီဂျင် ကျဆင်းလာသောကြောင့် ခန္ဓာကိုယ် အတွင်း တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါသည်။ အရင်ဆုံး ဦးနှောက်သို့ စီးဝင်သော သွေးများသည် အောက်ဆီဂျင် နည်းနေသောကြောင့် ခန္ဓာကိုယ် အရေးကြီးသော အစိတ်အပိုင်းများသို့ အောက်ဆီဂျင် ပိုရရန် အတွက် သွေးများပိုမို ပို့ဆောင်ရန် လိုအပ်သော ကြောင့် သွေးပေါင်တက်လာပြီး နှလုံးခုန်မြန်လာပါသည်။ နှလုံး အား ပို၍ မြန်မြန် ခုန်ခိုင်းသောကြောင့် ခန္ဓာကိုယ်သို့ ရောက်ရှိသော သွေးပမာဏ များလာပါသည်။ ထို့အပြင် သွေးကြောလေးများ ကျဉ်း လာ သောကြောင့် သွေးပေါင်ချိန်တက်လာပြီး သွေးစီးဆင်းနှုန်း မြန်လာပါသည်။ သို့သော်လည်း ထိုကဲ့သို့ နည်းလမ်းဖြင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး အသက်ရှူရပ်ခြင်းအား ခန္ဓာကိုယ် မှ ဖြေရှင်းသော်လည်း အိပ်ပျော်ပြီး လေပြွန်ပိတ်နေသည့် အတွက် နောက်ဆုံး တွင် ဦးနှောက်မှ အိပ်နေသော အခြေအနေမှ လန့်နိုးလာပြီး အားစိုက်၍ အသက်ရှူစေခြင်းဖြင့် အိပ်နေရာမှ ရုတ်တရက် လန့်နိုးစေပြီး အသက်ပုံမှန်ပြန်ရှူပါသည်။ ထိုအချိန်မှ သာ ခန္ဓာကိုယ် မှာ ကာဗွန်ဒိုင် အောက်ဆိုဒ်များ ထွက်သွားပြီး လေပြန် ဝင်လာသည့် အတွက် သွေးအတွင်း အောက်ဆီဂျင် မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည့် အတွက် နှလုံး ခုန် ပုံမှန် ပြန်ဖြစ်ပြီး သွေးပေါင်ပြန်လည်ကျဆင်းသွားပါသည်။ အခုလို OSA ဖြစ်ပြီး အသက်ရှူရပ်ခြင်းသည် လေဖြတ်ခြင်းအား မည်ကဲ့သို့ ဖြစ်စေသနည်း။ တကယ်တမ်း OSA ဖြစ်နေသည့် အခါတွင် အသက်ရှူရပ်ခြင်း သည် တစ်နာရီအတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ပါသည်။ အချို့ အသက်ရှူရပ်ခြင်း ဆိုးသော လူနားများတွင် တစ်နာရီတွင် အသက်ရှူ ရပ်ခြင်း အခါ ၇၀၊ ၈၀ အထိ ပင် ဖြစ်သော သူများပင်ရှိပါသည်။ ဆိုလိုသည် မှာ အထက်တွင် ဖော်ပြထားသော ဖြစ်စဉ်မျိုး အကြိမ် ၇၀၊ ၈၀ ဖြစ်သည့်အတွက် သွေးကြောများမှာ ကျဉ်းလိုက် ကျယ်လိုက်ဖြစ်ပြီး နှလုံး ခုန်ခြင်းသည် နှေးလိုက် မြန်လိုက်ဖြစ်စေပါသည်။ ထိုကဲ့သို့ နှေးလိုက်မြန်လိုက်ဖြစ်စေခြင်းကြောင့် နှလုံး ခုန် စည်းချက်မမှန်ခြင်းများ ဖြစ်စေပါသည်။ နှလုံး ခုန် စည်းချက်မမှန်ခြင်းများ ဖြစ်ခြင်းကြောင့် နှလုံးစည်းချက် ဆိုင်ရာ နောက်ဆက်တွဲ နှလုံး ရောဂါများ ခံစားရစေပါသည်။ သွေးကြောများသည် လည်း ကျဉ်းလိုက် ကျယ်လိုက် ဖြစ်စေခြင်းကြောင့် သွေးကြောနံရံများ ထိခိုက်ပျက်စီးခြင်းအား ပိုမို ဖြစ်စေပါသည်။ ထိုမျှသာမက သွေးကြောများသည် နောက်ပိုင်းတွင် သွေးကြော အကျဉ်း အကျယ် မလုပ်နိုင်တော့ပဲ သွေးကြော မာကြောခြင်းများဖြစ်ပြီး သွေးတိုးအား ဆေးသောက်သော်လည်း မကျခြင်း ကုသရ ခက်ခဲခြင်းများ ဖြစ်စေပါသည်။ သွေးတိုးကျဆေး ဖြင့် သွေးတိုးကျအောင် ကုသခြင်းဆိုသည်မှာ သွေးကြောပြန်မကျဉ်းအောင် ဆေးဖြင့် ထိန်းထားခြင်း ဖြစ်ပါသည်။ သွေးကြော ပြန်မကျဉ်းတော့သည့် အတွက် သွေးကြော အတွင်း ရှိ Pressure လည်း ကျသွားသည့် အတွက် သွေးပေါင်လည်း ကျသွားခြင်းဖြစ်ပါသည်။
အရေးကြီးသည်မှာ ထိုကဲ့သို့ သွေးကြောများမာသွားပြီး သွေးပေါင် အမြဲတိုးနေခြင်း သည် လေဖြတ်ခြင်း အား ပိုမိုဖြစ်စေပါသည်။ ဦးနှောက်အတွင်း ရှိ သွေးကြောများသည် ဆံချည်မျှင် သွေးကြောများဖြစ်ပါသည်။ ထို ကဲ့သို့ သေးမျှင်သောသွေးကြောများတွင် သွေးပေါင် အမြဲတက်နေခြင်းသည် သွေးကြောမျှင် လေးများ ၏ နံရံအား ပွတ်တိုက်မှု များစေပြီး သွေးကြော နံရံအား ထိခိုက်စေပါသည်။ အခန့်မသင့်၍ နံရံ ပျက်စီးသွားလျှင် ခန္ဓာကိုယ် သွေးအတွင်း ရှိ သွေးဥမွှားများသည် နံရံ ထပ်မံ မပျက်စီးစေရန်အတွက် လာရောက်ဖာထေးပါသည်။ ထိုကဲ့သို့ ဖာထေးခြင်းသည် အလွန်သေးသော ဆံချည်မျှင်သွေးကြောအား သွေးခဲ၍ ပိတ်ဆို့ မှု ဖြစ်စေပြီး ဦးနှောက် သို့ သွေးမရောက်တော့ပဲ လေဖြတ်ခြင်းအား ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။ OSA ကြောင့် အသက်ရှူရပ်ပြီး လေဖြတ်စေခြင်းသည် အလွန်ပင်များပါသည်။ လူတွေသည် အသိနည်းနေ သေး၍ ကိန်းဂဏန်းအား ဖြင့် သတိမပြုမိခြင်းဖြစ်ပါသည်။ နိုင်ငံခြားတွင် ပြုလုပ်ထားသော စစ်တမ်းများအရ ၇၀ ရာခိုင်နှုန်းသော လေဖြတ်သောသူများတွင် OSA ရှိနေသော သူများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထို စစ်တမ်း အရရော အထက်တွင် ဖော်ပြထားသော အကြောင်း အရင်းကို ပါ ဖတ်ရှုခြင်းအားဖြင့် OSA သည် မိမိကျန်းမာရေး အတွက် မည်မျှ အန္တရာယ် ကြီး သလဲ ဆိုတာ မှန်းဆ၍ ရနိုင်ပါသည်။ Sleep Study Test ဖြင့် OSA ရှိမရှိ စစ်ဆေးပြီး အကယ်၍ ရှိသည်ဆိုပါက Auto CPAP အသက်ရှူ စက်တပ်၍ ကုသသင့်ပါသည်။ ထို OSA ရောဂါသည် အန္တရာယ်များသော်လည်း ကုသနည်း မှာ အလွန်လွယ်ကူပြီး ထိရောက်ပါသည်။ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်သွားခြင်းဖြစ်သည့် အတွက် အသက်ရှူ စက်တပ်၍ အိပ်ခြင်းဖြင့် စက်သည် မိမိ အသက်ရှူရပ်သွားသည်နှင့် တပြိုင်နက် စက်မှ Pressure ဖြင့် ပိတ်ဆို့ နေသော လေပြွန်အား လေမှုတ်သွင်းခြင်းဖြင့် အသက်ရှူလမ်းကြောင်း ပိတ်ခြင်း အသက်ရှူ ရပ်ခြင်းများ မရှိတော့ပါ။ OSA ကြောင့် ဟောက်နေသောသူများတွင် လည်း အသက်ရှူလမ်းကြောင်း ကျဉ်းခြင်း မရှိသောကြောင့် ဟောက်ခြင်းများ လည်း စက်တပ်အိပ်ခြင်းဖြင့် လုံးဝ ပျောက်ကင်းသွား သည့် အတွက် မိသားစုဝင်များပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။ OSA ဖြစ်ခြင်းကြောင့် ဖြစ်စေသော နောက်ဆက်တွဲဆိုးကျိုးများ ၁။ အိပ်ရေးမဝသည့်အတွက် စိတ်ပိုင်းဆိုင်ရာ စိတ်တိုစိတ်ညစ်ညူးခြင်း၊ စိတ်ဓာတ်ကျခြင်း ၂။ လုပ်ငန်းခွင်တွင်းအိပ်ပျော်သွားခြင်း ၃။ နှလုံးခုန်မမှန်ခြင်း ၄။ သွေးတိုးခြင်း ၅။ လေဖြတ်ခြင်း၊ ၆။ လုပ်ငန်းခွင်တွင်းအိပ်ငိုက်နေခြင်းကြောင့်လုပ်ငန်းခွင်အဆင်မပြေမှုဖြစ်ခြင်း ၇။ အိပ်ငိုက်ခြင်းကြောင့်ယာဉ်တိုက်မှုများဖြစ်နိုင်ခြင်း၊ လုပ်ငန်းခွင်မတော်တဆများဖြစ်နိုင်ခြင်း ၈။ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း စသည်တို့ဖြစ်နိုင်ပါသည်။
OSA သည် အထက်တွင်ဖော်ပြထားသော နောက်ဆက်တွဲဆိုးကျိုးများသောကြောင့် လူတိုင်းအထူး သတိပြုသင့်သော ရောဂါတစ်ခုဖြစ်ပါသည်။ ဘယ်လို လူတွေမှာဖြစ်များလည်း ဆိုတော့ မိမိနှင့် အတူအိပ်နေသော မိသားစုဝင်မှ မိမိအိပ်ပျော်နေစဉ် ဟောက်ပြီး အသက်ရှူရပ်ခြင်း ရှိသည်ဟုပြောလျှင် OSA ရှိရန် သေချာ သလောက်ရှိပါသည်။ အထူးသဖြင့် အောက်တွင်ဖော်ပြထားသော လူများတွင် OSA ပို၍ အဖြစ်များပါသည်။ အဖြစ်များသောလူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ အသက်ရှူလမ်းကြောင်းပိတ်သွားရသည့်အကြောင်းများ ၁။ လည်ပင်းနားရှိကြွက်သားများအားနည်းခြင်း( အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားများ၏သန်စွမ်းမှုသည်အရင်လောက်မကောင်းတော့ဘဲလျော့ရဲရဲဖြစ်လာခြင်းကြောင့် အသက်ကြီးသူများတွင် ညဘက်ဟောက်ခြင်းပို၍ဖြစ်ရပါသည်။) ၂။အသက်ရှူလမ်းကြောင်းအနီးတွင် တစ်ရှူးများများပြားလာခြင်း( ဝသောသူများတွင် အဆီတစ်ရှူးများစုပုံခြင်းကြောင့်လည်ပင်းတွင် နေရာကျပ်ပြီးအသက်ရှူလေပြွန်များပိတ်ခြင်းဖြစ်သောကြောင့်လူငယ်များပင်ဖြစ်လင့်ကစား ဝသောသူများသည် ပိန်သောသူများထက်ပို၍ ဟောက်တတ်ခြင်းဖြစ်ပါသည်။) ၃။အသက်ရှူလမ်းကြောင်းပုံမမှန်ခြင်း မိသားစုဝင်မှ လည်း ဟောက်၍ အသက်ရှူရပ်ခြင်းမျိုး ရှိသည် ဟုပြောလျှင် သော်လည်း ကောင်း၊ OSA အဖြစ်များသော အုပ်စုတွင် ပါလေ့ရှိသော သူများအနေဖြင့် မိမိအသက်ရှူ ရပ်ခြင်း မည်မျှ ရှိခြင်းအား အသေးစိတ် တိတိကျကျ တိုင်းတာနိုင်ရန် အတွက် Sleep Study ပြုလုပ်၍ ရနိုင်ပါသည်။ sleep study သည် အိပ်ပျော်နေချိန်အတွင်းမိမိ၏ ခန္ဓာကိုယ်တွင်းရှိ အောက်စီဂျင်၊ အသက်ရှူနှုန်း နှင့် အသက်ရှူရပ်ခြင်းရှိမရှိ၊ အသက်ရှူရပ်သွားပါက အမျိုးအစားနှင့် စက္ကန့် မည်မျှကြာအောင် ရပ်သွားသလဲ၊ ခန္ဓာကိုယ် ပုံစံအနေအထား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်၏လှုပ်ရှားမှုတို့ကို ကြိုးများတပ်၍ စမ်းသပ်လေ့လာစောင့်ကြည့်ခြင်ဖြစ်ပါသည်။ ထိုသို့တပ်ခြင်းဖြင့် CSA(central sleep apnoea), AHI(Apnoea Hypnoea index), OH စသည့်အချက်အလက်များစွာသိရှိနိုင်ပါသည်။
AHI (Apnoea Hypnoea Index) သည် OSA ရှိသော လူနာအား ကုသမှု ပေးမပေး ဆုံးဖြတ်ပေးသော အရေးကြီးသည့် Index တစ်ခုဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသော Sleep Study ပြုလုပ်ခြင်းဖြင့် AHI မည်မျှရှိလဲဆိုတာ တိတိကျကျ အဖြေထုတ်ပေးနိုင်ပါသည်။ AHI <5 - ပုံမှန် AHI 5 မှ 10 ကြားရှိလျှင် - mild (အပျော့စား အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း) AHI 15မှ30ကြားရှိလျှင် -moderate (အလယ်အလတ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း) AHI 30 ကျော်လျှင် - severe (အပြင်းစား အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း) ထို ရရှိလာသည့် AHI အပေါ်မူတည်ပြီး ကုသမှု ပေးခြင်းအား ဆုံးဖြတ်ပါသည်။ အသက်ရှူလမ်းကြောင်း ဆိုးရွားစွာ ပိတ်နေပြီး အသက်ရှူရပ်နေသော လူနာများတွင် အသက်ရှူစက်(CPAP)တပ်၍ အိပ်စက်ခြင်းဖြင့် ကုသမှု ခံယူနိုင်ပါသည်။ အသက်ရှူရပ်သွားသည့် အချိန်တွင် စက်မှ အလိုအလျောက်သိရှိပြီး လူနာ အသက်ရှူရပ်ပြီ ဆိုသည်နှင့် ချက်ချင်း စက်မှ Pressure ဖြင့် လူနာလေပြွန်အတွင်း သို့ မှုတ်သွင်းပြီး အသက်ရှူစေသဖြင့် လူနာ၏ လေပြွန်မှာ ပြန်လည်ပွင့်သွားပြီး ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်းများ မဖြစ်စေတော့ပါ။ Sleep study လုပ်ခြင်းဖြင့် မိမိ အိပ်နေသော အနေအထားကိုပါသိရှိနိုင်သောကြောင့် အနေအထားကြောင့်ဖြစ်သောအသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းများပါသိရှိနိုင်ပြီးအချို့သောလူများတွင် မိမိအိပ်စက်မှုပုံစံကိုပြုပြင်ရန်လိုအပ်ခြင်း Positional Therapy အား ခံယူနိုင်သည်အထိ Sleep Study မှ တိတိကျကျ သိရှိနိုင်ပါသည်။ OSA အား ကုသသော Definitive Treatment သည် CPAP စက်တပ်အိပ်ခြင်းဖြစ်ပါသည်။ ယခုအခါတွင် ပို၍ ခေတ်မီလာသော အခါ Auto CPAP များပေါ်လာပြီး လူနာအသက်ရှူလမ်းကြောင်းပိတ်သည့် အခါတွင် စက်မှ အလိုအလျောက် ပိတ်ဆို့ မှ ပမာဏအား တိုင်းတာ၍ လိုအပ်သော Pressure အား ပေးနိုင်သည်အထိ လူနာအား သက်တောင့်သက်သာ ဖြစ်စေသော စက်များပေါ်လာပြီဖြစ်ပါသည်။ Auto CPAP တွင် အချို့ပိုမိုကောင်းမွန်သော စက်များတွင် လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ဟုခေါ်သော လေတွင် ရေငွေ့များ ပါဝင်စေခြင်းဖြင့် အသက်ရှူရာတွင် သက်တောင့်သက်သာ ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ ထို့အပြင် စက်တပ်ခြင်းဖြင့် ယခင်ဟောက်သောသူများပင် အသက်ရှူလမ်းကြောင်းပွင့်သွားသော ကြောင့် ဟောက်ခြင်းလုံးဝ မဖြစ်စေတော့ပဲ အခြားမိသားစုဝင်များပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ OSA သည် အလွန်အန္တရာယ်များသော နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံး ခုန်မမှန်ခြင်း၊ သွေးတိုးဖြစ်စေခြင်း၊ လေဖြတ်စေခြင်း အစရှိသော နောက်ဆက်တွဲ ဆိုးကျိုးများစွာဖြစ်စေသော ကြောင့် OSA ရှိပါက Sleep Study ပြုလုပ်ပြီး မိမိ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ ခြင်းအား တိုင်းတာသင့်ပြီး ကုသမှု ခံယူသင့်ပါသည်။ ကုသမှု ခံယူခြင်းသည် လည်း စက်ကလေး တပ်ရုံဖြင့် ကုသနိုင်သောကြောင့် ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်းများ ရှိသော မိဘပြည်သူများအနေဖြင့် Sleep Study ပြုလုပ်ပြီး ကုသမှု လိုအပ်ပါက စောလျင်စွာ ကုသမှု ခံယူသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။
Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။
Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။
Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။
ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
