
ယာယီပိတ်ထားသော မိုင်းယု-ကျိန်းယဲန်းတံတားကို ပြန်လည်ဖွင့်လှစ် =============================================== ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မူကို ကာကွယ်နိုင် ရန်အတွက် ယာယီပိတ်ထားခဲ့သော အထူးဒေသ(၄)အဖွဲ့မှ နယ်စပ်ကုန်သွယ်ရေးတံတားဖြစ်သည့် မိုင်း ယု-ကျိန်းယဲန်း တံတားကို ယခုအခါပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း မိုင်းယုမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ အဆိုပါ တံတားကို NDAA မိုင်းလားအဖွဲ့မှ အထူးဒေသ(၄)တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု အခြေအနေ များကြောင့် ကုန်စည်များ ဖြတ်သန်းသွားလာခွင့်အား၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်က စတင်၍ ရက်အ ကန့်သတ်မရှိ ယာယီပိတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အထူးဒေသ(၄)တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်သူ မရှိတော့သဖြင့် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရသည်။ swh(ဓာတ်ပုံ-Ko Ko Naing) Credit