No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆီးချိုရောဂါသည် အန္တရာယ် များသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့် ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောများပျက်စီးခြင်း၊ မျက်လုံးကွယ်ခြင်း၊ သွေးကြောရောဂါများ၊ အနာမကျက်ခြင်း၊ ခြေထောက်ပုပ်ခြင်း တို့ ဖြစ်နိုင်ပါသည်။ ထို အန္တရာယ်များသည် ဆီးချိုအား ကောင်းမွန်စွာ ထိန်းသိမ်းပါက ကာကွယ်နိုင်ပြီး ရုတ်တရက် အသက်ဆုံးရံှူးစေနိုင်သော ပြဿနာများ မဟုတ်ပဲ တဖြည်းဖြည်းသာ နှစ်ပေါင်းမထိန်းနိုင်မှု ကြောင့် ဖြစ်ပေါ်စေတတ်သော နောက်ဆက်တွဲ ဆိုးကျိုးများသာ ဖြစ်ပါသည်။ ထိုကဲ့သို့ တဖြည်းဖြည်းချင်း ဖြစ်ပေါ်သော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိသကဲ့သို့ ဆီးချိုသွေးချို မထိန်းနိုင်၍ ရုတ်တရက် အသက်ဆုံးရံှူးနိုင်သော အခြေအနေများ လည်း ရှိကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ဆီးချိုရောဂါ၏ ကြောက်မက်ဖွယ်ရာ ပြဿနာများမှာ ၁။ဆီးချို အလွန်တက်ပြီး ရေဓာတ်ခန်းပြီး သတိလစ်ခြင်း ၂။ဆီးချိုထိုးကျ၍ သတိလစ်ခြင်း (Coma ရခြင်း) ၃။နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သား ပုပ်သွားခြင်း ၄။ခုခံအားကျ၍ ရောဂါပိုးဝင်ရာမှ သွေးတွင်း ရောဂါပိုးများ ပျံ့နှံ့သွားခြင်း တို့ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။ ဆီးချို အလွန်တက်ပြီး ရေဓာတ်ခန်းပြီး သတိလစ်ခြင်း ဆီးချိုဝေဒနာရှင်များတွင် အလွန်အဖြစ်များသော အန္တရာယ်တစ်ခုဖြစ်ပါသည်။ သကြားဓာတ်သည် သွေးအတွင်း အလွန်အမင်းများပြားလာသည့် အခါတွင် သွေးပျစ်လာပါသည်။ ထိုအခါတွင် ခန္ဓာကိုယ်အတွင်းရှိ ရေများအား သွေးအတွင်း သကြားရည်က ဆွဲစုပ်သွားသည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။ ထိုအခါရေဓာတ်ခန်းခြောက်ပြီး သတိလစ်ခြင်းဖြစ်ပေါ်တတ်ပါသည်။ သို့သော်လည်း ဆီးချိုသွေးချိုအလွန်တက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းသည် သာမန်ရိုးရိုးရေဓာတ်ခန်းခြောက်ခြင်းကဲ့သို့မဟုတ်ပဲ အချိန်မီမကုသပါက အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိဖြစ်စေနိုင်သော ရောဂါဖြစ်ပါသည်။ ဆီးချို အလွန်တက်ပြီး ရေဓာတ်ခန်းပြီး သတိလစ်ခြင်း အဖြစ်များသော သူများမှာ ၁။ဆီးချိုဆေးအား သေချာမသောက်သောသူများ ၂။ဆီးချိုပုံမှန် စစ်ဆေးမှု ပြုလုပ်မနေသောသူများ ၃။ဆီးချိုကောင်းစွာ မထိန်းနိုင်သော သူများ ၄။အသက်ကြီးသောသူများဖြစ်ပါသည်။ ရေဓာတ်ခန်းခြောက်ခြင်းအား ပိုမို ဖြစ်စေသောအကြောင်းအရာများမှာ ၁။ရေဓာတ်ခန်းခြောက်ခြင်း ၂။ဝမ်းလျောခြင်း ၃။ရောဂါပိုးတစ်ခုခုဝင်လာခြင်း ၄။အန်ခြင်း ၅။နှလုံးသွေးကြောပိတ်ခြင်း ၆။ခန္ဓာကိုယ်တွင် ဆားဓာတ်များမညီမျှခြင်းဖြစ်ပေါ်မှု တို့ကြောင့် ဖြစ်တတ်ပါသည်။

ထိုကဲ့သို့ ဆီးချို အလွန်တက်ပြီး ရေဓာတ်ခန်းဖြစ်ပါက ခံစားရသော ရောဂါလက္ခဏာများမှာ ၁။ရေ အလွန်အမင်းဆာခြင်း ၂။ဆီးများအလွန်အမင်းများခြင်း ၃။ရေဓာတ်ခန်းခြောက်ခြင်း ၄။ကယောင်ကတမ်းဖြစ်ခြင်း ၅။လက်တစ်ဖက် ခြေတစ်ဖက် မလှုပ်နိုင်တော့ခြင်း ၆။လေဖြတ်သွားသကဲ့သို့ဖြစ်ခြင်း ၇။ခြေထောက်ကြွက်သားများနာခြင်း ၈။Coma ဝင်သွားခြင်းတို့ဖြစ်သည်အထိ ဆိုးရွားနိုင်ပါသည်။ ဆီးချိုတိုင်းကြည့်လျှင် 500 mg/dL ကျော်တက်နေလျှင် ရေဓာတ်ခန်းခြောက်သော လက္ခဏာများတွေ့ပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ရပြီး ကုသမှုခံယူရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များအနေဖြင့် မိမိသွေးတွင်းသကြားဓာတ် ပမာဏ ပုံမှန်အနေအထားတွင် ထိန်းထားနိုင်မည်ဆိုပါက ထိုကဲ့သို့ သော အရေးပေါ်အခြေအနေမျိုး ဖြစ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ဆီးချိုထိုးကျ၍ သတိလစ်ခြင်း (Coma ရခြင်း) ဆီးချိုထိုးကျခြင်းသည် ဆီးချိုဝေဒနာရှင်များတွင် အဖြစ်များလေ့ရှိသော အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပါသည်။ ဆီးချိုသွေးချိုဝေဒနာရှင်များ တွင် ထိုကဲ့သို့ အခြေအနေမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေ တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ ဆီးချိုကျသော အကြောင်းအရင်းသိမှသာ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆီးချိုပို၍ ထိုးကျစေသော အခြေအနေများမှာ ၁။Insulin ထိုးနေရသော ဆီးချိုဝေဒနာရှင်များတွင် ဆီးချိုသွေးချိုအထူးကု သမားတော်များနှင့် ပုံမှန်ရက်ချိန်းပြန်မပြပဲ မိမိဘာသာ ဆက်လက် ချိန်ဆပြီး Insulin ထိုးနေသောသူများတွင် တွေ့ရတတ်ပါသည်။ ၂။ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ပျက်စီးသွားသော သူများတွင် ကျောက်ကပ်ပျက်စီးနေခြင်းအား မသိပဲ ပုံမှန် ဆေးအား အတိုင်းဆက်လက် သုံးနေသောသူများတွင် ဖြစ်ပေါ်တတ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျောက်ကပ်ပျက်စီးသွားသည့် အတွက် ဆေးအား ကျောက်ကပ်မှ ပုံမှန်အတိုင်းမစွန့်ထုတ် နိုင်ပဲ သွေးအတွင်း ရှိနေသည့်အတွက်ကြောင့် သွေးချိုပိုမိုကျခြင်းဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ၃။လေ့ကျင့်ခန်းအလွန်အမင်း ပြုလုပ်သောသူများ ၄။ဆီးကျဆေးသောက်နေသော သူများတွင် အစားအား အချိန်မှန်မစားခြင်း၊ အစားအသောက်လျော့စားခြင်း ၅။ဆီးချိုသေချာ မထိန်းသောသူများတွင် အစာအိမ်အူလမ်းကြောင်းသို့ သွားသော အာရုံကြောအားနည်းမှုကြောင့် အစာစုပ်ယူမှုအားနည်းပြီး သွေးတွင်း သကြားဓာတ်ထိုးကျကာ သတိလစ်ခြင်းတို့ ဖြစ်တတ်ပါသည်။ ဆီးချို ထိုးကျသည့် လက္ခဏာများမှာ ရင်တုန်ခြင်း ချွေးစီးများပြန်ခြင်း ရင်ထဲ ဟာတာတာဖြစ်လာခြင်း စိတ်တိုလွယ်ခြင်း တက်ခြင်း အားအင်ကုန်ခမ်းခြင်း ခြေဖျားလက်ဖျားများ အေးလာခြင်း ကတုန်ကရင်ဖြစ်ခြင်း သတိလစ်ခြင်း တို့ဖြစ်ပါသည်။ အဖြစ်များသော သူများမှာ Insulin ထိုးနေရသူများ ဆီးချိုဆေး Sulphonyl Urea (Gliclazide, Glinipride) သောက်သုံးနေရသူများ ဆေးသောက်ပြီး အစားစားချိန် မမှန်သူများ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်မိခြင်း ကျောက်ကပ်ပျက်ဆီးနေသူများ တို့ဖြစ်ပါသည်။

အထက်ပါလက္ခဏာများပေါ်ပေါက် လာပါက ဆီးချိုစစ်ကြည့်ပြီး သွေးအချိုဓာတ် ပမာဏ ၅၀ အောက်ရောက်နေပါက အချိုရည် သို့မဟုတ် မုန့်အချိုတစ်ခုကို အမြန်စားရပါမည်။ ထိုကဲ့သို့ ဆီးချိုကျခြင်းသည် တစ်ခါတစ်ရံ ညဘက်တွင် ဖြစ်ပွားတတ်ပြီး အိပ်နေချိန်ဖြစ်သည့်အတွက် ရောဂါလက္ခဏာများ မခံစားလိုက်ရပဲ ရုတ်တရက် သတိလစ်ခြင်း၊ Coma ယင်သွားခြင်း၊ အသက်အန္တရာယ် ဆုံးရှူံးခြင်းတို့ အထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သွေးချိုအတွက် သောက်သုံးနေသော ဆေးများအား ပုံမှန် ဆီးချိုသွေးချို အထူးကုသမားတော်များ နှင့် ပြန်လည် ချိန်ဆရမည့်အပြင် ဆီးချိုသွေးချို အထူးကုသမားတော်များ ညွှန်ကြားသည့်အတိုင်း အနေအထိုင် အပြုအမူ အစားအသောက်အား လိုက်နာရမည်ဖြစ်ပါသည်။ ၃။နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သား ပုပ်သွားခြင်း ဆီးချိုရောဂါသည် နှလုံးသွေးကြောကျဉ်းရောဂါကို အဓိက ဖြစ်ပွားစေသော ပင်မ အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ ဆီးချိုရောဂါ ရှိသည်နှင့် နှလုံးသွေးကြောအတွင်း သို့သွားသော သွေးများသည် သကြားရည်ကဲ့သို့ ပျစ်စေးသွားပြီး နှလုံးသွေးကြော အတွင်းတွင် အဆီများနှင့် ပေါင်းစည်းကာ နှလုံးသွေးကြောကျဉ်းလာပြီး ရုတ်တရက် နှလုံးသွေးကြောပိတ်ကာ အသက်အန္တရာယ် ပေးနိုင်သော အခြေအနေဖြစ်ပါသည်။ ထိုကဲ့သို့ နှလုံးသွေးကြောပိတ်၍ အသက်ဆုံးရှူံးခြင်းမှ ကာကွယ်နိုင်ရန် သွေးတွင်းသကြားဓာတ်အား ပုံမှန် အနေအထားအတိုင်း ရှိနေအောင်ထိန်းရမည်ဖြစ်ပြီး သွေးတွင်း အဆီအား တတ်နိုင်သလောက်လျော့ချထားရမည်ဖြစ်ပါသည်။ ထို့အပြင် နှလုံးအထူးကုသမားတော်များ နှင့် ကြိုတင်ပြသထားပြီး ခံစားရသော လက္ခဏာ အပေါ်မူတည်၍ နှလုံးသွေးကြော ရုတ်တရက်မပိတ်အောင် ကာကွယ်သော သောက်သုံးသင့်သည့် ဆေးများအား သောက်သုံးရမည်ဖြစ်ပါသည်။ ဘယ်လိုအချိန်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေပြီလဲဆိုတာ သံသယ ရှိသင့် သလဲ။ ရင်ဘတ်အောင့်ခြင်း ရင်ဘတ်စအောင့်ပြီ ဆိုလျှင် သွေးကြောမှာ ၇၀ ရာခိုင်နှုန်းနှင့် အထက်ပိတ်နေပြီဖြစ်ပါသည်။ ရင်ဘတ်အောင့်ခြင်းသည် များသော အားဖြင့် စိတ်လှုပ်ရှားသောအခါ၊ လှုပ်လှုပ်ရှားရှားလုပ်ရ သောအခါ၊ စိတ်ဖိစီးသောအခါတွင် ပို၍ အဖြစ်များပါသည်။ ရင်ဘတ်အောင့်သည့်အခါတွင် ဘယ်ဘက်ရင်ဘတ်တစ်ခုလုံးသည် တင်းကြပ်လာပြီး ဆွဲညှစ်ထားသလို ဖိထားသလို ဖြစ်နေတတ်ပါသည်။ ရင်ဘတ်အောင့်ခြင်းနှင့် အတူ မောခြင်းလည်းဖြစ်ပေါ်တတ်ပါသည်။ နားလိုက်လျှင် ရင်ဘတ်အောင့်ခြင်းသည် ပြန်လည်သက်သာသွားပါသည်။ နှလုံးသွေးကြောအလွန်ကျဉ်းပြီး ရောဂါဆိုးသော လူနာများတွင် နားလိုက်သော်လည်း ရင်ဘတ်အောင့်ခြင်းသည် ချက်ခြင်းမသက်သာပဲ အချိန်ကြာမှ သက်သာသွားခြင်း၊ လှုပ်လှုပ်ရှားရှားမလုပ်ပဲ ထိုင်နေရင်းနှင့် ရင်ဘတ်အောင့်ခြင်းများ ဖြစ်ပေါ်ပါက နှလုံးသွေးကြောပိတ်ခြင်း ဖြစ်ပေါ်လုဆဲဆဲဖြစ်ပြီး နှလုံးအထူးကုဆရာဝန်နှင့် သေချာပြသကာ ကုသမှုခံယူသင့်ပါသည်။ မှတ်ချက်။ ။သွေးတိုးရောဂါရှိသော သူများ၊ ဆီးချိုသွေးချိုရောဂါ ရှိသောသူများ၊ ဆေးလိပ်သောက်သော သူများသည် ရောဂါလက္ခဏာများ မပြသော်လည်း နှလုံးရောဂါ အဖြစ်များ၍ အထူးဂရုပြုသင့်သော လူနာများဖြစ်ပါသည်။ မှတ်ချက်။ ။ အချို့သော ဆီးချိုဝေဒနာရှင်များတွင် သွေးချိုဆီးချိုကြောင့် အာရုံကြော ပျက်စီးနေပါသည်။ ထိုအခါတွင် ခြေဖျားလက်ဖျားများတွင် ထုံကျင်ခြင်းခံစားရသကဲ့သို့ နှလုံးသွေးကြောကျဉ်းလျှင် ခံစားရသော ရင်ဘတ်အောင့်ခြင်း မခံစားရပဲ ရုတ်တရက် နှလုံးသွေးကြော လုံးဝ ပိတ်သွားသည့်အခါမှသာ အသက်အန္တရာယ်ဖြစ်သော အခြေအနေမျိုးဖြစ်တတ်ပါသည်။ ထို့ကြောင့် ဆီးချိုရှိသည်နှင့် သွေးတွင်းသကြားဓာတ်ထိန်းခြင်း၊ သွေးတွင်း အဆီဓာတ်ထိန်းခြင်းနှင့် သွေးကြောရုတ်တရက်ပိတ်ခြင်းအား ကာကွယ်နိုင်သော ဆေးများကြိုတင်သောက်သုံးထားမှသာ ရုတ်တရက် နှလုံးသွေးကြော ပိတ်ခြင်းအား ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ၄။ခုခံအားကျ၍ ရောဂါပိုးဝင်ရာမှ သွေးတွင်း ရောဂါပိုးများ ပျံ့နှံ့သွားခြင်း ဆီးချိုရောဂါသည် ခုခံအားကျနေသော အခြေအနေတစ်ရပ်ဖြစ်သည့်အတွက် အလွယ်တကူ ရောဂါပိုးများ ဝင်ရောက်နိုင်သည့် အခြေအနေလည်းဖြစ်ပါသည်။ ဆီးချိုရောဂါရှိသူသည် သာမန်သူများထက် အဆုတ်ပိုးဝင်ခြင်း၊ TB ရောဂါဖြစ်ခြင်း၊ မှိုရောဂါများစွဲခြင်း၊ မိန်းမကိုယ်လမ်းကြောင်းအတွင်း ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းတို့ အဖြစ်များပါသည်။ ခြေထောက်အနာဖြစ်လျှင်လည်း တော်ရုံနှင့် မကျက်ပဲ ပိုးဝင်၍ ကြာရှည်စွာ ပြည်တည်နေတတ်ပါသည်။ ထိုသို့ လမ်းကြောင်းတစ်ခုခုမှ ပိုးဝင်ရာမှ သာမန်ပိုးသတ်ဆေးများနှင့် ကုသသော်လည်း ပိုးပြင်းသည့် အခါတွင် မပျောက်ပဲ သွေးတွင်းသို့ ပျံ့နှံ့ရာမှ Speticemia ဟုခေါ်သော သွေးဆိပ်တက်ခြင်းအား ဖြစ်ပေါ်စေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အထိ ဖြစ်ပွားတတ်ပါသည်။ သွေးဆိပ်တက်ခြင်းရောဂါလက္ခဏာများသည် တော်ရုံမပြတတ်ပဲ စမ်းသပ်ကြည့်သော အခါတွင်မှ နှလုံးခုန်မြန်နေခြင်း၊ သွေးပေါင်ကျခြင်း၊ ကိုယ်ပူနေခြင်းတို့ ဖြစ်တတ်သဖြင့် ထိုကဲ့သို့ နေထိုင်မကောင်းပါက ဆီးချိုဝေဒနာ ရှင်များသည် မပေါ့ဆပဲ ဆီးချိုသွေးချို အထူးကုသမားတော် ဖြင့် ဆေးကုသမှု ခံယူသင့်ပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။ အထက်တွင်ဖော်ပြထားသော အခြေအနေများသည် ဆီးချိုသွေးချို ဝေဒနာရှင်များ သတိပြုသင့်သော အသက်အန္တရာယ် ရှိသော အရေးပေါ်အခြေအနေများ ဖြစ်ပါသည်။ သို့သော်လည်း ထို အရေးပေါ်အခြေ အနေများအား ကာကွယ်နိုင်ရန်မှာ မိမိ ဆီးချိုသွေးချိုအား အကောင်းဆုံး အနေအထားတွင် ထိန်းထားနိုင်ရန်ဖြစ်ပါသည်။ ထိုကဲ့သို့ သွေးချိုအား အကောင်းဆုံးထိန်းနိုင်ရန်အတွက် မိမိသောက်နေသော ဆေးများ ထိရောက်မှုရှိမရှိအား HbA1C သွေးစစ်ဆေးခြင်းဖြင့် ထိရောက်စွာသိရှိနိုင်ပြီး သောက်ဆေးအား ဆီးချိုသွေးချို အထူးကုသမားတော်ဖြင့် ဆေးချိန်ပြီး ထိရောက်စွာကုသရန်ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ ဆီးချိုဝေဒနာရှင် တိုင်းသိသင့်သော HbA1C အကြောင်း HbA1C ဆိုသည် မှာ Glucose ပေါင်းထားသော သွေးနီဥ Cells ထဲမှ Protein တစ်မျိုးဖြစ်ပါသည်။ ပုံမှန် သွေးနီဥ Cells ထဲမှ Protein သည် ခန္ဓာကိုယ်ထဲမှ သွေးကြော တစ်လျောက် အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါသည်။ ထို Protein သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအတွင်း Glucose များလာသည် နှင့် အမျှ Glucose နှင့် ပေါင်းစည်းပြီး HbA1C ဖြစ်ပေါ်ပါသည်။ တနည်းအား ဖြင့် ရိုးရှင်းစွာ ဖော်ပြရလျှင် ဆီးချိုဝေဒနာရှင်၏ သွေးသည် သကြားရည်နှင့် တူပါသည်။ ထိုအခါတွင် သာမန်လူနှင့်မတူပဲ သွေးနီဥများတွင် သကြားများ ကပ်နေခြင်းဖြစ်ပါသည်။ သကြားကပ်နေသော သွေးနီဥအား HbA1C ဟုခေါ်ပါသည်။ HbA1C အား မည်ကဲ့သို့တိုင်းတာသနည်း။ ဆီးချိုသွေးချို ဝေဒနာရှင်များ အတွက် မည်ကဲ့သို့ အကျိုးရှိသနည်း။ HbA1C သည် သကြားကပ်နေသော သွေးနီဥ ဖြစ်သော ကြောင့် စစ်ဆေးသော အခါတွင် သွေးဖောက်စစ်ဆေးပြီး တိုင်းတာပါသည်။ သွေးအတွင်းရှိ HbA1C ပမာဏများ မည်မျှရှိသနည်းအား ဓာတ်ခွဲ၍ စစ်ဆေးခြင်းဖြစ်ပါသည်။ သွေးတွင်းရှိ HbA1C ပမာဏများနေခြင်းသည် သွေးတွင်းသကြားဓာတ် ပိုမိုများပြားနေခြင်းဖြစ်ပါသည်။ HbA1C ပမာဏနည်းခြင်းသည် သွေးတွင်း သကြားဓာတ်နည်းခြင်းဖြစ်ပါသည်။ HbA1C စစ်ဆေးခြင်းသည် လက်ထိပ်ဖောက်စစ်ဆေးသော သွေးချိုဓာတ်များနှင့် မတူပဲ ပို၍ တိကျပါသည်။

ထို့ကြောင့် HbA1C ၏ အားသာချက်မှာ မိမိဆေးသောက်နေသော်လည်း ဆေးအာနိသင် လုံလောက်အောင်ရရှိမရှိ၊ ဆီးချိုသွေးချို ထိန်းသိမ်းမှု ကောင်းမကောင်းအား သွေးဖောက်စစ်ဆေးကြည့်ရုံဖြင့် ၃ လ စာ မှတ်တမ်းအား တိကျသေချာစွာ သိရှိနိုင်သောကြောင့် ဆီးချိုသွေးချို ရှိသော မိဘပြည်သူများအတွက် အကောင်းဆုံးနှင့် အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါသည်။ ဆီးချိုရောဂါ ရှင်များတွင် HbA1C များနေလျှင် ဆီးချိုနှင့် ပက်သက်သည့် နောက်ဆက်တွဲ ဝေဒနာများအား ခံစားရနိုင်ခြေများ လေလေဖြစ်ပါသည်။ HbA1C စမ်းသပ်မှုကို ၃ လ တစ်ကြိမ် ဖြစ်စေ၊ ၆ လ တစ်ကြိမ်ဖြစ်စေ လုပ်ဆောင်ပေးသင့်ပါသည်။ ဆီးချိုရောဂါရှိသူများအတွက် FBS RBS( မိမိအိမ်တွင်ဖြစ်စေ၊ ဆေးခန်းတွင်ဖြစ်စေ အလွယ်တကူဖောက်စစ်၍ ရသော လက်ထိပ်ဖောက်စစ်ဆေးခြင်း) အပြင် အခြားပြုလုပ်ထားရမည့် အရေးကြီးဆုံးသောစစ်ဆေးမှုများမှာ ၁။ HBA1C( လက်ရှိအချိုရှောင်ထားခြင်းနှင့်မဆိုင်ဘဲ သုံးလအတွင်းမိမိစားခဲ့သမျှ၊ သို့မဟုတ်သေချာထိန်းထားသောဆီးချိုကိုတိုင်းတာပေးခြင်းဖြစ်သဖြင့် မိမိ၏ ဆီးချို CONTROL အစစ်အမှန်ကိုသက်သေပြသော GOLD STANDARD စစ်ဆေးမှုတစ်ခုဖြစ်ပါသည်) ၂။ မိမိ၏ နှလုံးအခြေအနေကိုစစ်ဆေးထားခြင်း( ECG စစ်ဆေးခြင်းဖြင့် အခြေခံအားဖြင့် မိမိတွင်နှလုံးသွေးကြောကျဉ်းသည့်လက္ခဏာရှိနေမရှိနေသိနိုင်ပါသည်။) ၃။ မိမိ၏ကျောက်ကပ်အခြေအနေစစ်ဆေးထားခြင်း ( CREATININE, URINE RE) ကျောက်ကပ်ဓာတ်နှင့် ဆီးစစ်ဆေးခြင်း( ဆီးထဲ ပိုးဝင်မဝင်၊ ဆီးထဲအသားဓာတ်များ၊သွေးများပါဝင်ခြင်းရှိမရှိကို သိရှိနိုင်သည်) ၄။ သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း ( LIPID PROFILE) မိမိ၏သွေးတွင်းအဆီဓာတ် တို့ကို စစ်ဆေးထားခြင်းဖြင့် ဆီးချိုကြောင့် အသက်အန္တရာယ်ပေးနိုင်သော နှလုံးသွေးကြောကျဉ်းခြင်း၊ပိတ်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းတို့ကို စိတ်ချစွာကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဆီးချို All in One Package (၄၀၀၀၀ ကျပ်) ၁။ HbA1C ၂။ Total Cholesterol ၃။ Triglyceride ၄။ HDL Cholesterol ၅။ LDL Cholesterol ၆။ Creatinine ၇။ Urine RE ၈။ ECG ၉။ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကု ဌာနမှ လက်ထောက် ကထိက ဆရာမ ဇာခြည်ပြုံး ကိုယ်တိုင် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် နှင့် နေထိုင်ပုံနေထိုင်နည်း များပါ ကျန်းမာရေး ဗဟုသုတ အနေဖြင့် ၁၅ မိနစ်ခန့် ပြောကြားပေးမည်ဖြစ်ပါသည်။ ၁၀။ဆီးချို သွေးချို အထူးကု ဌာနမှ အထူးကုသမားတော် ဆရာမ ဇာခြည်ပြုံးနှင့် အဖြေအား ဆွေးနွေးတိုင်ပင် ပြသပြီး ကုသမှု ခံယူခြင်း ဆီးချို All in One Package သည် သွေးချို ဆီးချို ှရှိသော သူများအတွက် ၃ လ တစ်ခါ သို့မဟုတ် ၆ လ တစ်ခါ အမြဲတမ်း စစ်ဆေးပေးသင့်သော စစ်ဆေးမှုများပင်ဖြစ်ပါသည်။ ထိုဝန်ဆောင်မှု ၁၀ မျိုး ပါဝင်သော ဆီးချို All in One Package အား အပြီးအစီး ငွေကျပ် ၄၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်းချိုသာ စွာ စစ်ဆေးနိုင်ပြီ ဖြစ်ပါသည်။

HbA1C Package (၁၈၀၀၀ ကျပ်) ၁။သွေးဖောက်၍ HbA1C အား စစ်ဆေးပေးခြင်း ၂။ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကုဌာနမှ လက်ထောက် ကထိက ဆရာမ ဇာခြည်ပြုံးနှင့် အဖြေအား ချက်ချင်းဆွေးနွေးတိုင်ပင် ပြသခြင်း၊ အဖြေအပေါ်မူတည်၍ ကုသမှုပေးခြင်း။ ၃။ ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကု ဌာနမှ လက်ထောက် ကထိက ဆရာမ ဇာခြည်ပြုံး ကိုယ်တိုင် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် နှင့် နေထိုင်ပုံနေထိုင်နည်း များပါ ကျန်းမာရေး ဗဟုသုတ အနေဖြင့် ၁၅ မိနစ်ခန့် ပြောကြားပေးမည်ဖြစ်ပါသည်။ ၄။ဆေးခန်းဝန်ဆောင်ခ တို့ပါဝင်မည်ဖြစ်ပြီး HbA1C Package တွင် ပါဝင်သော ဝန်ဆောင်မှု ၄ မျိုးပေါင်း အပြီး စီး ၁၈၀၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေပြီးဖြစ်ပါသည်။ ထို HbA1C Package တွင် ဆေးဖိုးပါဝင်မည် မဟုတ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Echo Package (30000 ကျပ်) ၁။ နှလုံးအထူးကု သမားတော် နှင့် Echocardiogram ရိုက်ကူးခြင်း ၂။3 channel ECG ဆွဲခြင်း ၃။ နှလုံး အထူးကု သမားတော်နှင့် စမ်းသပ် ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း ၄။ဆေးခန်း ဝန်ဆောင်မှု၊ တို့ ပါဝင်မည်ဖြစ်ပါသည်။ ဆီးချို၊ သွေးချို နှင့် နှလုံး အပါအဝင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ပါ စစ်ဆေးလို သော မိဘပြည်သူများ အနေဖြင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။

Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း November လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း November လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။