မည်သည့်ရောဂါမဆို စဖြစ်ဖြစ်ချင်း ကြိုတင်သိရှိပါက လွယ်လွယ်ကူကူနှင့် ကုသနိုင်မည်ဖြစ်ပြီး အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်သည်ဖြစ်ပါသည်။ ထို့ကြောင့် Medical Checkup အား နှစ်စဉ်ပုံမှန်ပြုလုပ်ကြပြီး မိမိကျန်းမာရေးအား စစ်ဆေးကြခြင်း ဖြစ်ပါသည်။ ယခုအပတ်ကျန်းမာရေး အစီအစဉ်တွင် မိမိ အူမကြီး နှင့် ပက်သက်ပြီး ကနဦး ကျန်းမာရေး စစ်ဆေးမှု Online Free Medical Checkup အနေဖြင့် အောက်ပါမေးခွန်းလေးများ အား ဖြေဆိုပြီး မိမိတွင် လက္ခဏာ တစ်ခုခု ရှိပြီ ဆိုပါက အမြန်ဆုံး အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော် အား ပြသသင့်ပါသည်။ ၁။ ဝမ်းပျက်ခြင်းသည်မကြာခဏဖြစ်နေပါသလား။ ၂။ ဝမ်းပျက်တစ်လှည့် ချုပ်တစ်လှည့်ဖြစ်နေခြင်းမျိုးလား။ ၃။ ဝမ်းထဲတွင်သွေးများပါလာသလား။ ၄။ ဝမ်းမည်းမည်းများသွားနေသလား။ ၅။ ဝမ်းသွားပြီးတိုင်းဝမ်းကျန်သလိုခံစားနေရပါသလား။ ၆။ ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊ပိန်သွားခြင်းမျိုးရှိပါသလား။ ၇။မိသားစုထဲတွင် အစာအိမ်အူလမ်းကြောင်းနှင့်ပတ်သက်သောကင်ဆာရှိပါသလား။ ၈။ မိမိကိုဝမ်းပျက်စေသည်ဟုယူဆရသောအစားအစာတစ်စုံတရာရှိပါသလား။ ၉။ အရင်က အူမကြီးမှန်ပြောင်းကြည့်ဖူးသောအခါတွင် အသားပိုများရှိသည့်အဖြေထွက်ခဲ့ဖူးပါသလား။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ။ ၁။ ဝမ်းပျက်ခြင်းသည်မကြာခဏဖြစ်နေပါသလား။ ဝမ်းပျက်ခြင်းတွင်ဝမ်းအရည်များသွားနေခြင်း၊ ပုံမှန်ကဲ့သို့မဟုတ်ဘဲပျော့နေခြင်း၊ ပုံမှန်ထက်အနံ့ဆိုးနေခြင်း၊ဝမ်းထဲတွင်ချွဲများများပြားစွာပါနေခြင်းစသည့်ဝမ်းပျက်ခြင်းပုံစံမျိုးစုံဖြစ်နိုင်ပါသည်။ အချို့သည် ဗိုက်ဆွဲစုပ်သလိုနာခြင်းနှင့်တွဲ၍ဖြစ်ပေါ်ပြီး အချို့ သည် ဝမ်းပျက်ခြင်းလက္ခဏာများဖြစ်သော ဝမ်းသွားပြီးလျှင်ဝမ်းကျန်သလိုခံစားရခြင်း၊ ဝမ်း သွားပြီးမကြာမီထပ်သွားချင်ခြင်း၊တကယ်သွားလျှင်လည်း နည်းနည်းသာသွားခြင်း၊ ဝမ်းသွားပြီး စဆိုတစ်ဝိုက်စပ်၍ကျန်ခဲ့ခြင်းစသည့်လက္ခဏာများပါရှိနေတတ်ပါသည်။ ဝမ်းပျက်ခြင်းတွင် ခဏတာဝမ်းပျက်ခြင်းနှင့် လနှင့်ချီပြီးကြာရှည်ဝမ်းပျက်နေခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ ခဏတာဝမ်းပျက်ခြင်း၏အဖြစ်အများဆုံးအကြောင်းမှာမသန့်သောအစားအစာများစားမိ၍ဝမ်းကိုက်ပိုးဝင်ရာမှ ဝမ်းပျက်ခြင်းဖြစ်စေတတ်ပြီးပိုးသတ်ဆေး one course ကုန်အောင်သောက်၍ ဓာတ်ဆားရည်သေချာပြန်ဖြည့်သောက်သုံးနိုင်လျှင် ရက်ပိုင်းအတွင်းသက်သာသွားပါသည်။ ဝမ်းပျက်ခြင်းသည်မကြာခဏပြန်ပြန်ဖြစ်နေခြင်းသို့မဟုတ်ပိုးသတ်ဆေးများသောက်သည့်တိုင် ပြန်လည်သက်သာခြင်းမရှိဘဲကြာရှည်စွာဖြစ်နေတတ်သော ရေရှည်ဝမ်းပျက်ခြင်းမျိုးသည်မပေါ့ဆသင့်သောဝမ်းပျက်ခြင်းမျိုး ဖြစ်ပါသည်။ ဝမ်းပျက်ခြင်းသည်ကြာရှည်ဖြစ်ခြင်း၊ ဖြစ်လိုက်ပြန်ကောင်းလိုက်ဖြင့် ပြန်ပြန်ဖြစ်နေခြင်းများ၏ အဖြစ်များသောအကြောင်းရင်းများမှာ အဖြစ်များသောဝမ်းမကြာခဏပျက်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ ၁။ အူမကြီးကင်ဆာ ၂။ အူနံရံများမှ မစုပ်နိုင်သောရောဂါများ ၃။ Latose intorence ဟုခေါ်သောနို့နှင့်နို့ထွက်ပစ္စည်းများစားပြီးဝမ်းလျှောတတ်သောရောဂါ ၄။ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ ၅။ Inflammatory bowel disease အူရောင်ရောဂါများ တို့ဖြစ်ကြပါသည်။
အူမကြီးကင်ဆာတွင် အူနံရံရှိကင်ဆာကြိတ်မှ အကျိအချွဲများ နှင့် အကြိတ်မှထွက်သောသွေးများရောပါလာတတ်ပြီး ဗိုက်နာခြင်း၊ ဝမ်းကျန်သလိုခံစားရခြင်းတို့မကြာခဏခံစားရတတ်ပါသည်။ အူနံရံမှမစုပ်နိုင်လျှင်လည်း အစာများနှင့်ရေများသည် အူလမ်းကြောင်းတစ်လျှောက် မကြေညက်ဘဲ ဆင်းလာပြီး ဝမ်းတွင်းအဆီများကျခြင်း၊ ဝမ်းအဖြူများသွားခြင်းတို့နှင့်တွဲဖက်ဖြစ်ပေါ်တတ်ပါသည်။ နို့နှင့်နို့်ထွက်ပစ္စည်းများနှင့်မတည့်သော latose intorence ရောဂါတွင်တွင် အူနံရံတွင် နို့်ကိုချေဖျက်နိုင်သော အင်ဇိုင်းများပါမလာခြင်းကြောင့် ဝမ်းထဲတွင် နို့များသည်မကြေညက်ဘဲ သွားခြင်းဖြင့်ဝမ်းပျက်ခြင်းကိုဖြစ်ပေါ်စေတတ်ပါသည်။ မွေးရာပါdisscharidase အင်ဇိုင်းမပါခြင်းများရှိသကဲ့သို့ ဝမ်းပျက်ပြီးစအချိန်မျိုးတွင်လည်း latose intorence ရနိုင်သောကြောင့် ဝမ်းပျက်ပြီးစအချိန်တွင် လည်း နို့နှင့်နို့်ထွက်ပစ္စည်းများကိုရှောင်ကြဉ်သင့်ပါသည်။ ထိုနည်းတူစွာ gluten ဂျုံနှင့် မတည့်သောရောဂါဖြစ်သည့် Coeliac disease တွင်လည်း ဂျုံစားလိုက်သည်နှင့် အူနံရံများရောင်ရမ်းခြင်းဖြစ်ပေါ်တတ်ပြီး ဝမ်းပျက်ခြင်းဖြစ်တတ်သောကြောင့် မိမိ နှင့်မတည့်သောအစားအစာများရှိလည်းတစ်ခါတည်းသေချာမှတ်ထားပြီးရှောင်ကြဉ်ခြင်းသည်လည်း ဝမ်းပျက်တတ်သောလူများတွင် အရေးကြီးသည့်ကုသနည်းတစ်ခုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူမိမိ ၏အူမကြီးကို အရေးကြီးသော ရောဂါကြီးများရှိမရှိအရင်စစ်ဆေးထားသင့်ပါသည်။ ၂။ ဝမ်းပျက်တစ်လှည့် ချုပ်တစ်လှည့်ဖြစ်နေခြင်းမျိုးလား။ ဝမ်ပျက်တစ်လှည့်ချုပ်တစ်လှည်ဖြစ်နေခြင်းသည်အဖြစ်များသောလက္ခဏာတစ်ရပ်ဖြစ်ပြီးအူမကြီးကင်ဆာ ၏လက္ခဏာတစ်ရပ်လည်းဖြစ်ပါသည်။ အလုံးအကြိတ်ကြောင့်အူပိတ်ခြင်းအစပိုင်းသည် တဖြည်းဖြည်းဝမ်းချုပ်ခြင်း ဖြစ်လာတတ်ပြီး အခြားသောမည်သည့်လက္ခဏာများမရှိသဖြင့် အမှုမဲ့အမှတ်မဲ့နေမိတတ်ကြသည်။ ထိုသို့ ချုပ်ရာမှ ဝမ်းနုတ်ဆေးများသောက်လျှင် ဝမ်းမှာအရည်များဖြစ်သွားပြီး လုံးလုံးမပိတ်သေးသောအဆင့်တွင် ဝမ်းအရည်များသည် ကျန်ရှိနေသောလမ်းကြောင်းမှတစ်ဆင့်သွားကြသဖြင့် ဝမ်းလျှောခြင်းဖြစ်ပြန်ပါသည်။ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းသည် တစ်လှည့်စီဖြစ်နေတတ်ပြီး ကင်ဆာကြိတ် မှသွေးယိုထွက်မှုဖြစ်လျှင် ဝမ်းထဲသွေးပါခြင်းဖြစ်တတ်ပြီးလူတိုင်းတွင်လည်းသတိမထားမိတတ်ပေ။ အူလမ်းကြောင်းကိုသေချာစစ်ဆေးပြီးသောအခါတွင် မိမိတွင်အလုံးအကြိတ်လည်းမရှိ၊ အသားစအဖြေများလည်းကောင်းနေပါက အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါလည်းဖြစ်တတ်ပါသည်။ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း ၊ ဗိုက်ထဲမအီမသာဖြစ်ခြင်း၊ လေထိုးခြင်းစသည့်ပုံစံမျိုးစုံဖြစ်တတ်ပြီး ရောဂါတိတိကျကျရှာမတွေ့ဘဲကုသရခက်ခဲသောရောဂါတစ်မျိုး ဖြစ်ပါသည်။ ဝမ်းပျက်ရောဂါသည် ၆ လကျော်နာတာရှည်ကဲ့သို့ဖြစ်နေပြီး ဝမ်းပျက်သော်လည်းညဘက်အိပ်ပျော်နေစဉ် လုံးဝထသွားစရာမလိုခြင်း၊ ဝမ်းသွားလိုက်လျှင် ဗိုက်နာခြင်းပျောက်သွားခြင်း၊ အူလမ်းကြောင်းစစ်ဆေးမှုများပြုလုပ်သည့်တိုင်ရောဂါရှာ ဖွေမတွေ့ရှိခြင်းတို့သည် အူလမ်းကြောင်းလုှုပ်ရှားမှုမမှန်သော (irritable bowel syndrome) ၏လက္ခဏာများဖြစ်ပြီး အူလမ်းကြောင်းကိုသေချာစစ်ဆေး၍ အရေးကြီးသောရောဂါများလုံးဝရှာဖွေမတွေ့ရှိမှသာ irritable bowel syndrome ဟုယူဆပြီးကုသမှုခံယူရမည်ဖြစ်ပါသည်။ တစ်ခါတရံတွင်အူမကြီးကင်ဆာကိုအကြောက်လွန်နေခြင်းသည်လည်း အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါကိုပိုဆိုးစေတတ်ပါသည်။ ၃။ ဝမ်းထဲတွင်သွေးများပါလာသလား။ ဝမ်းထဲသွေးပါခြင်းသည်အစာအိမ်အူလမ်းကြောင်း၏တစ်နေရာရာမှသွေးထွက်နေခြင်းကိုပြသပြီးအရေးကြီးသောအခြေအနေဖြစ်ပါသည်။ ဝမ်းထဲသွေးပါခြင်းသည်သွေးများနီနီရဲရဲသိသိသာသာတွေ့ရမှမဟုတ်ဘဲ ဝမ်းမည်းမည်းများသွားခြင်း၊ မသိမသာဝမ်းအရောင်ပြောင်းလဲနေခြင်း၊ မိမိဝမ်းသွားပြီးသောအခါပြန်မကြည့်မိသဖြင့် ဝမ်းအရောင်ကိုမသိခြင်းစသည်တို့ကြောင့် အသိနောက်ကျခြင်းများလည်းရှိပါသည်။ သွေးနီနီရဲရဲများပါခြင်းသည် စအိုဝနှင့် ဝမ်းအိမ်အောက်ပိုင်းမှသွေးထွက်နေခြင်းအဖြစ်များပြီး ဝမ်းချုပ်ရာမှစအိုကွဲထွက်ခြင်း၊ အတွင်းလိပ်ခေါင်း၊ အပြင်လိပ်ခေါင်းတို့မှသွေးထွက်ခြင်းတို့ဖြစ်နိုင်ပါသည်။ သို့သော်အူလမ်းကြောင်းအပေါ်ပိုင်းရှိအကြိတ်ကြီးများမှသွေးယိုစိမ့်မှုများလာလျှင်လည်း ကတ္တရာစေးကဲ့သို့ဝမ်းမည်းမည်းများအဓိကသွားတတ်ပြီး ပိုဆိုးလာသောအခြေအနေတွင် ဝမ်းမည်းမည်းသာမကဘဲသွေးများသိသိသာသာရောပါလာခြင်းကိုလည်းတွေ့ရတတ်ပါသည်။ မိမိ၏ဝမ်းထဲသွေးပါခြင်းသည်လိပ်ခေါင်းကြောင့်ဟုရောဂါနာမည်မတပ်မီအစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နှင့်သေချာပြသပြီးမိမိ၏အူလမ်းကြောင်းရှင်းမရှင်းကိုသေချာစစ်ဆေးပြသထားသင့်ပါသည်။
ဝမ်းထဲသွေးပါခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ ၁။ လိပ်ခေါင်းဖြစ်ခြင်း ၂။ ဝမ်းချုပ်ရာမှ စအိုကွဲခြင်း(Anal fissure) ၃။ အူမကြီးကင်ဆာကြိတ်မှသွေးယိုစိမ့်ခြင်း တို့ကို အထူးသတိထားစစ်ဆေးကြည့်သင့်ပါသည်။ ၄။ ဝမ်းမည်းမည်းများသွားနေသလား။ ကတ္တရာစေးကဲ့သို့စီးကပ်သော၊ အလွန်အနံ့ပြင်းသောဝမ်းမည်းမည်းများသွားခြင်း အများအားဖြင့် အူလမ်းကြောင်း၏အထက်ပိုင်းဖြစ်သောအစာအိမ်နှင့်အူသိမ်တို့မှသွေးယိုခြင်းဖြစ်ပါသည်။ အစာအိမ်၊ အူသိမ်အနာတို့မှသွေးယိုခြင်း၊ အစာအိမ်ကင်ဆာမှသွေးယိုခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ ဝမ်းအရောင်များသည်ညိုမဲသွားခြင်းမှာ သွေးနှင့် အစာအိမ် တွင်းရှိ အက်စစ်တို့ထိတွေ့ဓာတ်ပြုသောကြောင့် acid haematin ဟုခေါ်သော ဒြပ်ပေါင်းတစ်ခုဖြစ်ပေါ်ခြင်းကြောင့်ဖြစ်ပါသည်။ ထို့အတူထိုညိုမဲမဲများအန်သောအခါတွင်လည်းကော်ဖီကြမ်းမှုန့်ရောင် မည်းမည်းအန်ခြင်းလည်းရှိတတ်သည်။ပို၍များလာသောအခါသွေးရောင်အတိုင်းတွေ့ရပြီးသွေးအန်ခြင်းမျိုးလည်းရှိပါသည်။ ဝမ်းမည်းမည်းများသွားခြင်းသည်လည်း alarm signs ဟုခေါ်သော အရေးကြီးသည့် လက္ခဏာများထဲမှတစ်ရပ်ဖြစ်သောကြောင့် ဝမ်းမည်းမည်းသွားသည်နှင့် အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နှင့်သေချာပြသပြီး စစ်ဆေးမှုများသေချာပြုလုပ်ရမည်ဖြစ်ပါသည်။ ၅။ ဝမ်းသွားပြီးတိုင်းဝမ်းကျန်သလိုခံစားနေရပါသလား။ ထိုသို့ခံစားရခြင်းမှာ ဝမ်းထဲတွင် အကျိအချွဲများပါဝင်နေခြင်းကြောင့်ဖြစ်တတ်ပြီး ထိုအကျိအချွဲများသည်အူနံရံကို ကလိခြင်းကြောင့် မိမိသည်ဝမ်းသွားပြီးသည့်တိုင် အူနံရံ သည် ဝမ်းများကိုညှစ်ထုတ်သကဲ့သို့ဖြစ်နေပြီး ဝမ်းသွားချင်သလိုလို ထပ်မံခံစားနေရတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဝမ်းကိုက်ပိုးဝင်ခြင်းကြောင့် အဖြစ်များပြီးဝမ်းကိုက်ခြင်းသက်သာသွားပါက ထိုလက္ခဏာလည်းပျောက်သွားမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ အူရောင်သောရောဂါအများစုနှင့် အူမကြီးကင်ဆာတို့တွင်လည်း အလုံးအကြိတ်များ၊ အနာများရှိခြင်းကြောင့် အကျိအချွဲများထုတ်လုပ်ခြင်း၊ အူနံရံများမှ ကျုံ့ခြင်း၊ ဆန့်ခြင်း၊ ညှစ်ခြင်းများကို မကြာခဏပြုလုပ်နေခြင်းတို့ကြောင့်လည်း ဝမ်းကျန်သလို၊ဝမ်းမဝသလိုခံစားရနိုင်ပါသည်။ ၆။ ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊ပိန်သွားခြင်းမျိုးရှိပါသလား။ အစားအသောက်ပျက်ခြင်း၊ပိန်သွားခြင်းတို့သည်လည်း alarm sign ဟုခေါ်သော အရေးကြီးသည့်လက္ခဏာများထဲတွင် တစ်ရပ်အပါအဝင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အူလမ်းကြောင်းကင်ဆာသာမကဘဲ မည်သည့်ကင်ဆာမဆို ခန္ဓာကိုယ်တွင် ဓာတ်များပြောင်းလဲမှုကြောင့်အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်းတို့သည်အရေးကြီးသောလက္ခဏာတစ်ရပ်ဖြစ်သောကြောင့်ဖြစ်ပါသည်။အူလမ်းကြောင်းကင်ဆာများတွင်ပိုဆိုးသည်မှာအစာလမ်းကြောင်းနှင့်တိုက်ရိုက်ဆက်နွယ်နေသောကြောင့်ပို၍သိသာနိုင်ပြီး ရုတ်တရက် အရိုးပေါ်အရေတင်သကဲ့သို့ပိန်သွားခြင်းသည်အလွန်သတိထားရမည့်လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ၇။မိသားစုထဲတွင် အစာအိမ်အူလမ်းကြောင်းနှင့်ပတ်သက်သောကင်ဆာရှိပါသလား။ အူမကြီးကင်ဆာဖြစ်စေသောအကြောင်းတွင် နေထိုင်မှုပုံစံနှင့် မိသားစုတွင်းမျိုးရိုးလိုက်ခြင်းဟူ၍ အဓိက အကြောင်းရင်းနှစ်ခုရှိပါသည်။ မိသားစုမျိုးရိုးထဲတွင် အူမကြီးကင်ဆာရှိသူ ( အနီးစပ်ဆုံး မိဘ တစ်ဦးဦးတွင်၊ညီအစ်ကိုမောင်နှမထဲတွင် အူမကြီးကင်ဆာဖြစ်ဖူးသူရှိခြင်း) ရှိလျှင်မိမိတွင်အူမကြီးကင်ဆာဖြစ်နိုင်ချေမှာသာမန်လူများထက်အလွန်များပါသည်။
အူမကြီးကင်ဆာ၏ ၅% သည် မိသားစုလိုက်မျိုးရိုးလိုက်တတ်သောမျိုးရိုးဗီဇ gene ပါလာသောရောဂါဖြစ်ပါသည်။ အူမကြီးတွင်း ၁။ အသားပိုအလုံးများဖြင့် ကြိုတင်ဖြစ်ပေါ်ခြင်းမရှိသော HNPCC ဟုခေါ်သည့် အူမကြီးကင်ဆာရောဂါနှင့် ၂။ အသားပိုလုံးများတွေ့ရလေ့ရှိသော အူမကြီးကင်ဆာဟူ၍ အဓိက နှစ်မျိုး ရှိပါသည်။ အသားပိုအလုံးများမိမိတွင်မရှိသည့်တိုင် မိသားစုထဲတွင်ကင်ဆာစတင်ဖြစ်ခဲ့ဖူးသည့် အငယ်ဆုံးအသက်မတိုင်ခင် ၁၀ နှစ် အကြို ကတည်းကကြိုတင် စစ်ဆေးထားရန်လိုပါသည်။ ထိုသို့မျိုးရိုးရှိသူသည် အူမကြီးမှန်ပြောင်းကို ၁- ၂ နှစ် တစ်ကြိမ် ပြန်ကြည့်ရန်လိုအပ်ပြီး ကင်ဆာထဖြစ်နိုင်သည့်အချိန်မှာအချိန်မရွေးဖြစ်ပါသည်။ အသားပိုအလုံးများအများအပြားတွေ့ရတတ်သောအူမကြီးကင်ဆာတွင်မူ မျိုးရိုးထဲတွင် ရှိကြောင်းသိရှိပါက အသက် ၁၄ နှစ်မှစ၍ gene မျိုးရိုးဗီဇ စစ်ဆေးခြင်း ပြုလုပ်ပြီး gene တွေ့ရှိပါက ကြိုတင်၍ အူမကြီးဖြတ်ခြင်းတို့ပင်ပြုလုပ်ထားရပါသည်။ ၈။ မိမိကိုဝမ်းပျက်စေသည်ဟုယူဆရသောအစားအစာတစ်စုံတရာရှိပါသလား။ ဝမ်းပျက်ခြင်းသည်အစားအသောက်နှင့်သက်ဆိုင်သည်ဟုယူဆပါကထိုအစားအသောက်ကိုလုံးဝရှောင်ကြဉ်ခြင်းသည်အကောင်းဆုံးကုသနည်းပင်ဖြစ်ပါသည်။ Latose intorence ဟုခေါ်သောနို့်နှင့်နို့်ထွက်ပစ္စည်းများနှင့်မတည့်သောဝမ်းပျက်ရောဂါ၊ Coeliac disease ဟုခေါ်သော gluten ဂျုံ နှင့်မတည့်သောဝမ်းပျက်ရောဂါအပြင် irritable bowel syndrome ဟုခေါ်သော အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါများသည် အစားအသောက် များကိုသေချာဆင်ခြင်စားသောက်သင့်သည့် ဝမ်းပျက်ရောဂါများဖြစ်ပါသည်။ ၉။ အရင်က အူမကြီးမှန်ပြောင်းကြည့်ဖူးသောအခါတွင် အသားပိုများရှိသည့်အဖြေထွက်ခဲ့ဖူးပါသလား။ အသားပိုလုံးများသည်အလုံးသေးသေးလေးများအဖြစ် တစ်လုံးနှစ်လုံးရှိတတ်ပြီး အလွန်စိုးရိမ်ရန်မလိုပေ။ ထိုအလုံးများကိုအူမကြီးမှန်ပြောင်းစစ်ဆေးစဉ်တွေ့ရှိပါက အသားပို biopsy ယူပြီးစစ်ဆေးပေးပါသည်။ထိုစစ်ဆေးမှုအဖြေသည် low grade dysplasia အဆင့်သာထွက်ပါက စိုးရိမ်ရန်မလိုဘဲ ၅ နှစ်မှ ၁၀ နှစ်အတွင်းအူမကြီးမှန်ပြောင်းပြန်လည်ကြည့်ရှုလျှင်လုံလောက်ပါသည်။ အထက်ပါ မေးခွန်းများကိုမိမိကိုယ်တိုင်ပြန်လည်မေးမြန်းဖတ်ရှုသုံးသပ်ကြည့်ပြီး မိမိတွင်မသင်္ကာဖွယ်လက္ခဏာတစ်ရပ်ရပ်တွေ့ရှိပါက အလျင်အမြန် အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်နှင့်ပြသတိုင်ပင်ရန်လိုအပ်ပါသည်။
အူမကြီးကင်ဆာစစ်ဆေးမှုတွင် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းသည် အတိအကျဆုံးနှင့် အကောင်းဆုံးအဖြေပေးနိုင်သောစစ်ဆေးမှုဖြစ်ပါသည်။ သွေးတွင်းမှကင်ဆာဓာတ်စစ်ဆေးခြင်းဟုခေါ်သော အူမကြီးကင်ဆာဓာတ်ဖြစ်သည့် CEA ( Carcinoembryonic antigen) မဟုတ်ပါ။ CEA သည် အူမကြီးကင်ဆာ၏ရောဂါရှာဖွေမှုတွင် အသုံးသိပ်မဝင်ပါ။ အဓိကအားဖြင့် အူမကြီးကင်ဆာကုသမှုခံယူပြီးလူများတွင် ကင်ဆာပြန်ကြွမကြွ ကို ပြန်ချိန်ရာတွင် နှင့် baseline အခြေခံ ပမာဏကိုကြိုတင် သိထားရန် အဓိကသုံးသောစစ်ဆေးမှုဖြစ်ပါသည်။ အူမကြီးကင်ဆာဖြစ်သူများ၏ ၉၅% သည် အသက်၅၀ကျော်သူများဖြစ်ပြီး အူမကြီးကင်ဆာသည် အသက်ကြီးလာသည်နှင့်ဖြစ်နိုင်ရန်ရာနှုန်းအလိုလိုများလာသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အစိုးရမှ ဘတ်ဂျပ်ပေါ်မူတည်၍နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပါ။ အမေရိကန်နိုင်ငံမှ guideline များတွင်အသက် ၄၅ နှစ်ရောက်သည်နှင့် ရောဂါလက္ခဏာရှိရှိမရှိရှိ၊ မျိုးရိုးအလားအလာရှိရှိမရှိရှိ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းကို ပုံမှန်medical checkup များတွင်ထည့်သွင်းလုပ်ဆောင်ပေးပါသည်။ အူမကြီး ကင်ဆာသည် ကင်ဆာများထဲတွင် ကြိုတင်ကာကွယ်နိုင်သော တစ်ခုတည်းသော ကင်ဆာ ဖြစ်ပါသည်။ ထို့ကြောင့် အသက် ၅၀ ကျော်သူတိုင်း ပုံမှန် Medical Checkup စစ်ဆေးခြင်းသော် လည်းကောင်း ရောဂါလက္ခဏာ တစ်ခုခု ဖြစ်ပေါ်ပါက စစ်ဆေးခြင်း သော်လည်း ကောင်း စစ်ဆေးသင့်ပါသည်။ အချုပ်အားဖြင့် ရှင်းလင်းအောင် တိတိကျကျပြောရလျှင် ၄၅ နှစ် အထက် မည်သည့်လက္ခဏာမှ မရှိသော လူတိုင်း အူမကြီး မှန်ပြောင်း ကြည့်ရှုပြီး စစ်ဆေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ စစ်ဆေးပြီး အသားပို၊ အလုံး အကျိတ်များ မရှိလျှင် နောင် ၃ နှစ် နေမှ ပြန်လည် စစ်ဆေးလျှင် ရပြီး အူမကြီး ကင်ဆာ ဖြစ်ခြင်းမှ စိတ်အေး လက်အေး နေထေိုင်၍ ရပါသည်။ အူမကြီး ကင်ဆာကုသခြင်း၏ အသက်သည် စောနိုင်သမျှစောစောသိပါက အမြတ်ပြတ်အောင် ကုသနိုင်သောကြောင့် Medical Checkup အနေဖြင့် အူမကြီး မှန်ပြောင်း စစ်ဆေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်နှင့် အူလမ်းကြောင်း သာမက သည်းခြေလမ်းကြောင်း များ နှင့် ပက်သက်သော လက္ခဏာများ၊ ရောဂါများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်း ဌာနမှ အထူးကုသမားတေ်ာများနှင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်ပြီဖြစ်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်သော အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်များမှာ မှတ်ချက်။ ။ ဆရာကြီး ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် မန္တလေးသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်နေရသော်လည်း ယခု ရုံးပိတ်ရက်တွင် ရန်ကုန်သို့ ပြန်လာသည့် အချိန်တွင် လူနာများအား ကြည့်ရှုပေးသွားမည်ဖြစ်ပါသဖြင့် ဆရာကြီး နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် ကြိုတင် Booking ယူနိုင်ပါတယ်။ ၁၈.၇.၂၀၂၀ စနေနေ့ ၊ ၁၉.၇.၂၀၂၀ တနင်္ဂနွေနေ့ ၊ ၂၀.၇.၂၀၂၀ တနင်္လာနေ့ တွင် လူနာများအား ကြည့်ရှုပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ပုံမှန်အတိုင်း အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတေတာ် နှင့် ပြသလိုပါက လည်း ကြိုတင် Booking ယူ၍ ပြသနိုင်ပါတယ်။ ၁။ ဒေါက်တာ ဆွေမွန်မြ M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) Senior Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၄း၃၀ နာရီ။ စနေနေ့ ညနေ ၄း၃၀ နာရီ။ ၂။ဒေါက်တာ စန္ဒာဝင်း M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ သောကြာ ညနေ ၅ နာရီ။ တနင်္ဂနွေနေ့ ညနေ ၆ နာရီ။ ၃။ဒေါက်တာ မြသက်နွယ် M.B.,B.S., M.Med.Sc (Internal Medicine) Dr.Med.Sc (Gastroenterology) Consultant Gastroenterologist အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗုဒ္ဓဟူး၊ ကြာသပတေး ညနေ ၄ နာရီ။ ၄။ဒေါက်တာ သီတာစိုး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) Dr.Med.Sc (Gastroenterology) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေးနေ့ ညနေ ၄ နာရီ။ ၅။ဒေါက်တာလင်းထက်ဦး M.B.,B.S., M.Med.Sc (Internal Medicine), MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၅ နာရီ။ ၆။ဒေါက်တာသန်းသန်းအေး M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၇ နာရီ။ On Call ၇။ဒေါက်တာစုစုလှိုင် M.B.,B.S., M.Med.Sc (Internal Medicine),MRCP (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး နေ့စဉ် On Call ၈။ဒေါက်တာ ဥမ္မာညွန့်တင် M.B.,B.S., M.Med.Sc (Internal Medicine) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။ ၉။ဒေါက်တာ နန်းခင်ဖုန်းတင့် M.B.,B.S., M.Med.Sc (Internal Medicine) M.R.C.P (UK) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး On Call
မှတ်ချက်။ ။ ညနေပိုင်း မအားသော မိဘပြည်သူများအနေဖြင့် လည်း နံနက်ပိုင်း တွင် မှန်ပြောင်း ကြည့်လို့ ရအောင် အထူး စီစဉ်ပေးထားပါသည်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သော်ကြာ နေ့ နံနက် ၉း၃၀ တွင် မှန်ပြောင်း ကြည့်ခြင်းပြုလုပ်၍ ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-662809090, 09-447164575 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ အစာအိမ်အတွက် ဖြစ်စေ၊ အူမကြီး အတွက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရမည့် လူနာများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အိပ်ဆေးပေးပြီး လူနာမှာ အိပ်ပျော်သွားပြီး မှန်ပြောင်းကြည့်ရှုရာတွင် လုံးဝ မသိတော့ပဲ ကြည့်ပြီး သွားသည့် အချိန်တွင် အလို အလျောက် ပြန်နိုးလာမည်ဖြစ်ပါသည်။ မှန်ပြောင်းကြည့်ချိန်မှာ ၅ မိနစ်မှ ၃၀ မိနစ် အထိသာ ကြာမြင့်မည်ဖြစ်ပြီး အိပ်ဆေးပေးချိန်တွင်လည်း မေ့ဆေးကျွမ်းကျင် အထူးကုသမားတော် မှ ဘေးမှ အချိန်ပြည့်စောင့်ဆိုင်း ပေးမည်ဖြစ်သည့်အတွက် ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာဖြင့် လုံးဝ မနာကျင်ပဲ မှန်ပြောင်းကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ အိပ်ဆေးပြယ်၍ ပြန်လည်ထ လာသည့်အချိန်တွင်လည်း မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း လုံးဝမရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရာနိုးလာသကဲ့သို့ လန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်ပါသည်။ နာကျင်ခြင်းလုံးဝမရှိပဲ ကသိကအောင့်ဖြစ်မှာ ကြောက်သော မိဘပြည်သူများအတွက် အိပ်ဆေးဖြင့် ကြည့်ခြင်း ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်း (Gastroscopy) အတွက် Upper Gastroscopy 160,000 ကျပ် ကျသင့်မည်ဖြစ်ပြီး အူမကြီးမှန်ပြောင်း (Colonoscopy) အတွက် Lower Colonoscopy 280,000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။ မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် အိပ်ဆေးဖြင့် မနာမကျင်ကြည့်ရှု လိုပါက မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် ဆေးဖိုး စုစုပေါင်း ၁ သိန်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။ အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရန်အတွက် ကြည့်ရှုလိုသော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ဖြင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် တစ်ရက်ကြိုတင်ပြသရန် လိုအပ်ပါသည်။ လူနာ၏ အခြေအနေ အပေါ်မူတည်ပြီး ပြင်ဆင်သင့်သည့် အရာများအား (ဥပမာ အူမကြီး မှန်ပြောင်းကြည့်ရာတွင် Bowel Preparation ဝမ်းနုတ်ပြီး ဝမ်းရှင်းအောင်ပြုလုပ်ခြင်း) စသည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် အထူးကုသမားတော်ကြီးမှ ပေးသည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုရမည့် ရက်ချိန်းအတိုင်း Family Doctor အထူးကုဆေးခန်းတွင် မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-662809090, 09-447164575 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။
Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း July လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း July လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။
OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
