No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သတိပြုသင့်သော နာတာရှည်ခါးနာခြင်း အကြောင်းအရင်းများ ခါးနာခြင်းသည် နေ့စဉ် လူနေမှု ဘဝတွင် အဖြစ် အများဆုံးသော ရောဂါလက္ခဏာများ ထဲမှာ တစ်ခု ဖြစ်ပါသည်။ ခါးနာခြင်းသည် အသက်အရွယ် မရွေးဖြစ်နိုင်သော်လည်း အဖြစ်အများဆုံး အသက်အုပ်စုမှာ ၃၅ မှ ၅၅ နှစ်ကြားဖြစ်ပါသည်။ ခါးနာခြင်းအကြောင်းအရင်းများစွာရှိပြီး Mechanical Pain ကြောင့် ခါးနာခြင်များသည် ရက်ပိုင်းအတွင်း သက်သာသွားပြီး တချို့သော ခါးနာခြင်းများသည် အန္တရာယ်ရှိသော ခါးနာခြင်းများဖြစ်သောကြောင့် ရက်ပိုင်းနှင့် မသက်သာပဲ ခါးနာခြင်းအား တတ်ကျွမ်းသော အရိုးအထူးကုသမားတော် များနှင့် ထိထိရောက်ရောက် ကုသဖို့ လိုအပ်ပါသည်။ ခါးနာခြင်းအား ကုသရာတွင်လည်း ခါးနာခြင်း အမျိုးအစား အမျိုးမျိုးမှ မိမိဖြစ်သော ခါးနာခြင်းအား တိတိကျကျ သိရှိနိုင်မှသာ ထိထိရောက်ရောက်ကုသနိုင် မည်ဖြစ်ပါသည်။ အဖြစ်များသော ခါးနာခြင်းများနှင့် အရေးကြီးသော ခါးနာခြင်းများအား အောက်တွင် ဗဟုသုတ အနေဖြင့် အသေးစိတ် ဖော်ပြထားပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်ဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

ခါးနာခြင်းသည် ကျောရိုးဆစ်များရှိ အရိုးပြဿနာ သို့မဟုတ် ကျောရိုးဆစ်များကြားရှိ အရိုးနုပြားပြဿနာ ၊ ခါးပတ်လည်ရှိ ကြွက်သားများ၊ အရွတ်များနှင့် ကျောရိုးဆစ်များ အလယ်မှ ဖြတ်သန်းသွားလာသော ပင်မအာရုံကြော နှင့် အာရုံကြော ငယ်များကြောင့် အဓိက ဖြစ်လေ့ရှိပါသည်။ သို့သော်လည်း တစ်ခါတစ်ရံ ခါးနာခြင်းသည် ကျောရိုးကြောင့်မဟုတ်ပဲ အခြားသော ကိုယ်တွင်း ကလီစာ ရောဂါများ ဥပမာ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ သွေးလွှတ်ကြောမကြီး ဖောင်းခြင်း တို့ကြောင့် လည်း ခါးနာ ခြင်း ခံစားရတတ်ပါသည်။ ထိုကဲ့သို့ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကြောင့် ခါးနာခြင်းဖြစ်ပါက သာမန်ခါးနာခြင်းမျိုးနှင့် မတူပဲ တော်ရုံနှင့် မသက်သာခြင်းများဖြစ်တတ်ပါသည်။ ထို့ကြောင့် ခါးနာခြင်းသည် အမြဲတမ်း သမရိုးကျ အရိုးကျီးပေါင်းကြောင့် ဖြစ်သည်ဟု သဘောမထားပဲ အခြားသော အကြောင်းအရာများ၊ ရောဂါများကြောင့် ခါးနာခြင်းဖြစ်နိုင်သည် ကို သတိထားရပါမည်။ ထို့ကြောင့် သတိထားရမည့် ခါးနာခြင်းများမှာကို အောက်ပါအတိုင်းဖော်ပြလိုက်ရ ပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။ ၁။ အသက် ၂၀ နှစ်အောက် ခါးနာခြင်းနှင့် အသက် ၅၅ နှစ်အထက် တွင် ခါးနာခြင် း ၂။ရုတ်တရက် ခါးနာခြင်းဖြစ်ပေါ်ခြင်း ၃။နားလိုက်လျှင် မသက်သာပဲ ပိုပို ဆိုးလာခြင်း ၄။လဲှလှောင်းနေချိန်တွင် ပိုနာခြင်း ၅။ညဘက်တွင် ခါးနာ၍ အိပ်မရခြင်း ၆။မနက်မိုးလင်းလင်းခြင်း ခါးရိုးဆစ်များတောင့်တင်းနေပြီး အနည်းငယ် လှုပ်ရှားသည့်အခါ မှ သက်သာလာခြင်း ၇။ခါးမှ နာကျင်မှုသည် ခြေထောက်နှစ်ချောင်းဆီသို့ ပြန့်သွားခြင်း ၈။ေြထောက်များပျော့ခွေ၍ လမ်းမလျောက်နိုင်ခြင်း ၉။ဆီးဝမ်း မထိန်းနိုင်ခြင်း ၁၀။ကိုယ်အပူချိန်တက်ခြင်း ၁၁။Steroid ဟုခေါ်သော ဆေးများရေရှည် စွဲသောက်ခြင်း ၁၂။လမ်းလျောက်လျှင် ခြေထောက်ကြွက်သားများ ကိုက်ခဲခြင်း ၁၃။ခန္ဓာကိုယ် အလေးချိန် လျော့ကျသွားခြင်း အထက်ပါ လက္ခဏာ တစ်ခုခု တွေ့ရှိပါက မိမိ၏ ခါးနာခြင်းကို ပေါ့လျော့မနေပဲ အလျင်အမြန် အရိုး အထူးကု သမားတော်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ခါးနာခြင်းကို ဖြစ်စေသော ခါးနာရောဂါ အများအပြားရှိသည့်အနက် အဖြစ်များသော ခါးနာခြင်းများနှင့် အကြောင်းအရင်းကို အောက်တွင် ဖော်ပြထားပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

၁။ဒဏ်ကြောင့် ဖြစ်သောခါးနာခြင်း ခါးနာခြင်းအများစုမှာ ဒဏ်ကြောင့်ဖြစ်သော ခါးနာခြင်းများဖြစ်ပါသည်။ အလေးမခြင်း၊ ကြာရှည် မတ်တပ်ရပ်ခြင်း၊ အနေအထားမမှန်သော ခါး၏ လှုပ်ရှားမှုကိုဆောင်ရွက်လိုက်ခြင်း တို့ကြောင့် အရိုးနှင့် ကြွက်သားများ ဒဏ်ဖြစ်သွားပြီး နာကျင်နေတတ်ပါသည်။ ဝသော သူများတွင် လည်း မိမိ ခန္ဓာကိုယ် အလေးချိန်ကို ခါးက ထိန်းပေးထားရသဖြင့် ကြာလျှင် ဒဏ်ဖြစ်ပြီး ခါးနာ တတ်ပါသည်။ အထူးသဖြင့် လှေကား အတက်အဆင်းတွင် ပိုမိုနာကျင်တတ်ပါသည်။ ခါးကို အနားပေးခြင်း ၊ ဒဏ်ကြေဆေးများလိမ်းခြင်းဖြင့် ရက် အနည်းငယ်အတွင်း သက်သာသွားလေ့ရှိသော်လည်း တစ်ခါတစ်ရံ မိမိ မထင်မှတ်ထားပဲ အရိုးအတက်များ ကျိုးသွားခြင်း၊ အာရုံကြောများပိ ခြင်း ဖြစ်ခဲ့လျှင် ဓာတ်မှန် ရိုက်၍ ဆေးကုမှု ခံယူသင့်ပါသည်။ ၂။ခါးရိုးကျီးပေါင်း အသက်ကြီးလာသည်နှင့် အမျှ ခါးရိုးအဆစ်ကလေးများတွင် လည်ပင်းကျီးပေါင်းကဲ့သို့ အရိုးအတက်လေးများ ထွက်လာ တတ်ပါသည်။ ထိုအရိုးအတက်လေးများသည် ဘေးရှိကြွက်သားများ အာရုံကြောများအား ဖိရာမှ ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်။ ပိုမို ဆိုးလာသည့်အဆင့်တွင်မူ အဆင့်ဆင့် ထပ်ထားသော ခါးဆစ်ငယ်များ ပိခြင်းဖြစ်ပေါ်တတ်ပြီး ခါးနာခြင်း ဝေဒနာကို ပိုမိုဆိုးရွားစွာ ခံစားရတတ်ပါသည်။ ထို့ကြောင့် ခါးရိုးကျီးပေါင်း ကြောင်း ခါးနာခြင်းဖြစ်သော လူနာများတွင် ဓာတ်မှန်ရိုက်ကြည့်ပါက ကျီးပေါင်း အရိုးအတက်များ မည်မျှ ဆိုးဆိုးရွားရွား ထွက်နေသည်အား တွေ့ရှိနိုင်ပြီး ထို အရိုးကျီးပေါင်း အခြေအနေ အပေါ်မူတည်၍ ကုသမှု ပေးရခြင်းဖြစ်ပါသည်။ ၃။ခါးအရိုးနုပြား ကျွံခြင်း ကျောရိုး၏ဖွဲ့စည်း ပုံမှာ အရိုးအဆစ်များ ကြားတွင် အဆင့်ဆင့် ထပ်ထားပြီး အရိုးအဆစ်များကြားတွင် အရိုးနုပြားများ ရှိပါသည်။ အရိုးအဆစ်များ၏ အလယ်တွင် ဦးနှောက်မှ ခြေထောက်သို့သွားသော အာရုံကြောမကြီး ဖြတ်သန်းနေပြီး ထိုအာရုံကြောမကြီးကို ခါးရိုးအဆစ်များ ကြွက်သားများ အရွတ်များဖြင့် အထပ်ထပ် ကာကွယ်ပေးထားပါသည်။ အရိုးနုပြားများ၏ တာဝန်မှာ မတော်တဆဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကျောရိုးမကို ပျော့ပြောင်းစွာ လှည့်စေနိုင်သည်။ တစ်ခါတစ်ရံ ထိုအရိုးနုပြားသည် ကျောရိုးမ အတွင်းသို့ ကျွံဝင်သွားလျှင် ခးါနာခြင်းဖြစ်တတ်ပါသည်။ အရိုးနုပြား ကျွံဝင်ခြင်းသည် သတိထားရမည့် ခါးနာခြင်းမျိုးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အကျိုးဆက်မှာ အာရုံကြောငယ်များပိခြင်းကြောင့် လူနာများသည် အများအားဖြင့် ခြေထောက်တစ်လျှောက်နာကျင်ခြင်းကို သိသာစွာ ခံစားရတတ်ပြီး တစ်ခါတစ်ရံ ခြေသလုံး ခြေဖဝါး အထိပါ နာကျင်တတ်ပါသည်။ နာကျင်ပုံမှာ ပင်အပ်ဖြင့် အထိုးခံရသကဲ့သို့ စူးခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် တင်ပခွက်၊ ခြေထောက်နှင့် ခြေဖဝါးအားနည်းခြင်းကို ဖြစ်စေတတ်ပါသည်။ အဆိုးဆုံးအနေဖြင့် ခါးဆစ်ရိုးအတွင်း ဖြတ်သန်းသွားနေသော အာရုံကြောမကြီးကို ထိမိပါက အောက်ပိုင်းသေခြင်း ဖြစ်တတ်ပါသည်။ အရိုးနုပြား ကျွံသော လူနာများတွင် ဓာတ်မှန်ရိုက်ကြည့်ပါက အဆစ်များသည် ပုံမှန်အကွာအဝေးရှိရမည့် အစား အရိုးနုကျွံသော အဆစ်တွင် အဆစ် တစ်ခုနှင့် တစ်ခုနီးကပ်စွာရှိနေမည်ဖြစ်ပါသည်။ ၄။အရိုးပွရောဂါနှင့် ခါးနာခြင်း အသက် ၅၀ ကျော် သွေးဆုံးပြီးသော အမျိုးသမီးများ Steroid ရေရှည် စွဲသောက်နေရသော ပန်းနာရင်ကြပ်ရောဂါ၊ လေးဘက်နာရောဂါ၊ အစရှိသူများတွင် အဖြစ်များလေ့ရှိသော အရိုးပွခြင်းသည် သာမန်အားဖြင့် နာကျင်ခြင်းကို မပေးသော်လည်း အရိုးပွခြင်းကြောင့် အရိုး ပိကျိုးခြင်း ဖြစ်သွားချိန်တွင် ခါးနာခြင်းကို စတင်ခံစားရပါသည်။ မိမိ ခါးရိုးပွနေ၊ ကျိုးနေခြင်းကို ဓာတ်မှန်ပေါ်တွင် ထင်ရှားစွား တွေ့ရတတ်ပြီး အာရုံကြောမများပိခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်ပေါ်ပါက အရေးပေါ်ခွဲစိတ်မှုအားခံယူသင့်ပါသည်။ အရိုးပိကျိုးခြင်းကို ကြိုတင် ကာကွယ်သည့်အနေဖြင့် အရိုးပွရောဂါ ကာကွယ်ပေးသော အရိုးအားဆေးများအား အရိုးအထူးကု သမားတော်နှင့် ဆွေးနွေးတိုင်ပင်၍ ကြိုတင်သောက်သုံးသင့် ပါသည်။ အသက်အန္တရာယ်နီးသော ခါးနာခြင်းများ ခါးနာခြင်းသည် ပေါ့ဆ၍ ရသော ရောဂါမဟုတ်ပါ။ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ကိုယ်တွင်းကလီစာ ကင်ဆာများမှလည်း ကင်ဆာဆဲလ်များ ခါးရိုးသို့ ပြန့်နှံ့ပြီး ခါးနာသည့် လက္ခဏာနှင့် စတင်သိရှိသည့် သာဓကများ ရှိပါသည်။ TB ဖြစ်ဖူးသူများ၊ TB ဆေးသောက်သုံးဖူးသူများ၊ TB လက္ခဏာရှိသူများ၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ပိန်သွားခြင်း သည် လည်း ခါးနာလျှင် သတိထားသင့်ပါသည်။ TB ရောဂါပိုးသည် အရိုးတွင် ဖြစ်ပေါ်တတ်ပြီး အရိုးကို လှိုက်စား ဖျက်ဆီးတတ်ပါသည်။ TB ရောဂါကဲ့သို့ အလားတူအခြားသော Bacteria ပိုးများသည် လည်း ခါးရိုးဆစ်သို့ ပျံ့နှံ့ တတ်ပြီး အလားတူ လှိုက်စား ဖျက်ဆီးတတ်ပါသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ခါးနာခြင်းကို ဆိုးဆိုးရွားရွား ခံစားရပါက မပေါ့လျော့သင့်ပဲ တတ်ကျွမ်းသော အရိုးအထူးကုသမားတော်နှင့် ပြသသင့်ပါသည်။ ခါး ဓာတ်မှန်ရိုက်ခြင်း (X Ray) သည် ခါးနာ ရောဂါ အတော်များများ အား သိသာမြင်သာအောင် ခွဲခြားပေးနိုင်သောကြောင့် လိုအပ်ပါက ဓာတ်မှန်ရိုက်ပြီး ခါးနာခြင်းဖြစ်စေသော အကြောင်းအရင်းအား ရှာဖွေပြီး ခါးနာခြင်းအား ထိထိရောက်ရောက် ကုသသင့်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အရိုးကျီးပေါင်းသာမက ခါးနာခြင်း၊ လည်ပင်းကြီးပေါင်းတက်ခြင်း၊ ကျောရိုးကျီးပေါင်း တက်ခြင်းနှင့် ဒူးနာခြင်း၊ အခြားသော အရိုး၊အကြော၊ အဆစ်ရောဂါ များရောဂါများအား ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ Family Doctor အထူးကုဆေးခန်းတွင် အရိုးကျီးပေါင်းသာမက ခါးနာခြင်း၊ လည်ပင်းကြီးပေါင်းတက်ခြင်း၊ ကျောရိုးကျီးပေါင်း တက်ခြင်းနှင့် ဒူးနာခြင်း၊ အခြားသော အရိုး၊အကြော၊ အဆစ်ရောဂါ များရောဂါများအား ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အရိုး၊ အကြော၊ အဆစ်ရောဂါ အထူးကုဆရာဝန်ကြီးများ ၁။ဒေါက်တာစိုးစံ M.B.,B.S (Ygn), M.Med.Sc (Orthopedics) Dr.Med.Sc (Orthopedics) AO Trauma Regional Fellowship (Mumbai) Fellowship in Pediatric Orthopedics (Seoul) Travelling Fellowship in Paediatric Orthopedics (POSNA) ရန်ကုန်ပြည်သူ့ အရိုးအထူးကုဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၆ နာရီ။ တနင်္ဂနွေနေ့ နံနက် ၉ နာရီ။ ၂။ဒေါက်တာဇာခြည်ဝေလင်း M.B.,B.S, M.Med.Sc(Int. Med.), Dr.Med.Sc(Rheumatology), MRCP(UK), FRCP(Edin), FRCP(Glasg), Fellowship in Rheumatology (Singapore) အထွေထွေအထူးကုနှင့်အရိုးအကြောအဆစ်ရောဂါအတိုင်ပင်ခံသမားတော် အရိုးအကြောအဆစ်ဆေးပညာဌာန ရန်ကုန်ကုတင်(၅၀၀)အထူးကုဆေးရုံကြီး တနင်္လာ၊ဗုဒ္ဓဟူးနေ့ ၄ နာရီ။ စနေနေ့ ညနေ ၄ နာရီ။ ၃။ဒေါက်တာရှိန်မြင့်ဟန် M.B.,B.S (Ygn), M.Med.Sc (Orthopedics),Dr.Med.Sc(Ortho) ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး နေ့စဉ် ညနေ ၅ နာရီ။ ၄။ဒေါက်တာ မျိုးမင်းကျော်မြင့် M.B.,B.S (Ygn), M.Med.Sc (Orthopedics) ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး နေ့စဉ် ညနေ ၅ နာရီ။ အရိုး၊ အကြော၊အဆစ် အထူးကု သမားတော် နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။

Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း July လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း July လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။