ကျောက်ကပ်ရောဂါများအသည် များသော အားဖြင့် နာတာရှည်ကျောက်ကပ်ရောဂါများ ဖြစ်တတ်သည့် အတွက် နှစ်ရှည်လများ ကုသမှု ခံယူနေရသောရောဂါဖြစ်ပါတယ်။ အများသိထားသည့် အတိုင်း ကျောက်ကပ်မှ ကိုယ်ခန္ဓာတစ်ခုလုံးမှ အညစ်အကြေးများ စွန့်ပစ်သည့် အတွက် ကျောက်ကပ်မကောင်းသည့် အခါတွင် လူကောင်းအတိုင်း သာမန်လူကဲ့သို့ စားချင်တာစား လို့ မရပါ။ သာမန်လူမှာ ကျောက်ကပ်ကောင်းသည့် အတွက် စားသောက်သမျှကို ခန္ဓာကိုယ်တွင် မျှတအောင် မလိုအပ်သော အရာများအား အညစ်အကြေး အဖြစ်နှင့် စွန့်ပစ်နိုင်သော်လည်း ကျောက်ကပ် မကောင်းသည့် အခါတွင် မစွန့်ပစ်နိုင်သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ လက္ခဏာများ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ဝေဒနာရှင်များ အနေဖြင့် အစားအသောက်နှင့်ပက်သက်ပြီး လိုက်နာ နိုင်ရန်အတွက် ဆောင်ရန်ရှောင်ရန်များအား ရေးသားဖော်ပြလိုက်ရပါတယ်။ ကျောက်ကပ်အဓိက လုပ်ငန်းဆောင်တာများမှာ ၁။ခန္ဓာကိုယ်အတွင်းရှိ ဆားဓာတ်များအား မျှတအောင် ထိန်းသိမ်းခြင်း (ဆားဓာတ်များ အား လိုအပ်ပါက စုပ်ယူထားပြီး မလိုအပ်ပါက ကျောက်ကပ် မှ တစ်ဆင့် ဆီးမှ စွန့်ထုတ်ပစ်ခြင်း) ၂။ရေဓာတ်များအား ထိန်းသိမ်းခြင်း ( ရေအား လိုအပ်လျှင် စုပ်ယူထားပြီး မလိုအပ်သော ပိုလျှံသော ရေများအား ဆီးမှ တစ်ဆင့်စွန့်ပစ်ခြင်း။ ထို့ကြောင့် ကျောက်ကပ်မကောင်းသည့်အခါတွင် ပိုလျှံသော ရေများအား ခန္ဓာကိုယ်ထဲမှ မစွန့်ထုတ်နိုင်သောကြောင့် ဖောခြင်းလက္ခဏာ အား ခံစားရခြင်းဖြစ်ပါတယ်။) ၃။ကျောက်ကပ်မှ ခန္ဓာကိုယ်အတွက် အရေးကြီးသော ဟော်မုန်းများထုတ်ခြင်း (ဥပမာအားဖြင့် ကျောက်ကပ် သည် သွေးအား ကောင်းစေရန်အတွက် လိုအပ်သော သွေးနီဥ ထွက်စေသော ဟော်မုန်းထုတ်ပါတယ်။ ကျောက်ကပ်မကောင်းသည့်အခါတွင် ထိုဟော်မုန်းမထွက်သည့် အတွက် သွေးနီဥ မထုတ်လုပ်နိုင်ပဲ ကျောက်ကပ်ဝေဒနာရှင်များတွင် သွေးအားနည်းခြင်းဖြစ်ပါတယ်။) ၄။သွေးကြောထဲရှိ အသားဓာတ်များသည် ကျောက်ကပ်မှ အကုန်ပြန်လည် စုပ်ယူရပါတယ်။ ကျောက်ကပ်မကောင်းလျှင် ထိုအသားဓာတ်များအား ကောင်းမွန်စွာ စုပ်ယူခြင်း မပြုနိုင်ည့်အတွက် ဆီးအတွင်း အသားဓာတ်များပါလာခြင်းများ ဖြစ်ပါတယ်။ ထိုကျောက်ကပ်လုပ်ငန်းများကို နားလည် ပြီး သည့်အခါတွင် ကျောက်ကပ်မကောင်းသည့် လူနာများအတွက် ဆောင်ရန်ရှောင်ရန်များ ကို ပိုမိုနားလည် သဘောပေါက်မည်ဖြစ်ပါတယ်။
၁။အစားအသောက်တွင် ပါဝင်သော ဆားဓာတ်များအား ထိန်းသိမ်းစားသုံးရမည်။ ၂။ရေကို ထိန်းသိမ်းပြီး သောက်သုံးရမည်။ ၃။အသားဓာတ်များကို ပါဝင်မှု အား ထိန်းသိမ်း၍ စားသုံးရမည်။ အစားအသောက်များတွင် ပါဝင်သော ဆားဓာတ်များကို ဘယ်လို ထိန်းသိမ်းပြီး စားသုံးမလဲ။ ခန္ဓာကိုယ်အတွင်းရှိ အဓိက အရေးကြီးသော ဆားဓာတ် ၃ မျိုးရှိပါတယ်။ Sodium (ဆိုဒီယမ်), Potassium (ပိုတက်စီယမ်), Chloride (ကလိုရိုက်) ဟူ၍ ၃ မျိုးရှိပါတယ်။ ကျောက်ကပ်ကောင်းမကောင်း စစ်ဆေးသည့် အခါတွင်လည်း သွေးထဲရှိ ထို ဆားဓာတ် ၃ မျိုးသည် အရေးကြီးပါတယ်။ ကျောက်ကပ်မကောင်းသည့်အခါတွင် ပိုလျှံသော ဆားဓာတ်များအား ဆီးအတွင်း စွန့်ပစ်ခြင်းမပြုနိုင်ခြင်း ကြောင့် အထူးထိန်းသိမ်း၍ စားသုံးရန် အရေးကြီး ပါတယ်။ ၁။Sodium နှင့် Chloride ဆားဓာတ်များ သည် နေ့စဉ်စားသုံးသော အိမ်သုံးဆားတွင် အဓိက ပါဝင်ပါတယ်။ ထို့ကြောင့် ဟင်းချက်ရာတွင် တတ်နိုင်သလောက်ဆားလျော့စားပြီး အငန်လျော့စားရန် ဆရာဝန်များမှ တိုက်တွန်းခြင်းဖြစ်ပါတယ်။ ငံပြာရည်လည်း ထိုနည်း လည်းကောင်းဖြစ်ပါတယ်။ ၂။တတ်နိုင်သလောက် အပြင်စားများ ရှောင်ရှားပြီး အိမ်တွင် ချက်သော အစားအသောက်များအား စားသင့်ပါတယ်။ အပြင်တွင် ရောင်းသောအစားအစာများသည် အငန်ဓာတ်နှင့် အချိုမှုန့်များသောကြောင့် ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် လုံးဝရှောင်ရှားရမည့် အစားအသောက်များဖြစ်ပါတယ်။ ၃။တာရှည်ခံအောင်ပြုလုပ်ထားသော Packaged Food များဖြစ်သည့် ဥပမာ ငါးသေတ္တာဗူးများ အစရှိသည်တို့အား ရှောင်ရှားသင့်ပါတယ်။ ထိုအစားအစာများအတွင်း တွင် တာရှည်ခံအောင် ဆားဓာတ်များ အများအပြားပါဝင်သောကြောင့် ဖြစ်ပါတယ်။ ၄။Supermarket များအတွင် နိုင်ငံခြားမှ လာသော အစားအသောက်များတွင် ပါဝင်သော အညွှန်းအား ဖတ်ရှုပြီး ဝယ်ယူပြီး စားသုံးသင့်ပါတယ်။ အညွှန်းတွင်ပါဝင်သော Sodium ပါဝင်မှုနည်းသော အစားအသောက်အား ဝယ်ယူစားသုံးသင့်ပါတယ်။ Potassium ဆားဓာတ်ကို ဘယ်လို ထိန်းသိမ်းပြီး စားသုံးမလဲ။ ခန္ဓာကိုယ်တွင် အရေးကြီးသော ဆားဓာတ် ၃မျိုးတွင် Potassium ဓာတ်သည် အရေးကြီးဆုံးဖြစ်ပါတယ်။ ကျောက်ကပ်မှ မစွန့်ထုတ်နိုင်၍ သွေးအတွင်း Potassium ဓာတ်များပါက ရုတ်တရက် နှလုံးခုန် မမှန် ဖြစ်ခြင်း၊ ရင်အရမ်းတုန်ခြင်း နှင့် အရေးပေါ် အခြေအနေဖြစ်ခြင်း အထိ အန္တရာယ်ရှိပါတယ်။ ထိုဓာတ်များလျှင် နှလုံး ခုန်ခြင်း အား အဓိက သက်ရောက်မှု ဖြစ်စေသောကြောင့် ဖြစ်ပါတယ်။ Potassium ဓာတ်များ သော အောက်ပါ အသီးအနှံများ အား တတ်နိုင်သလောက်ရှောင်ရှားရပါမည်။ ၁။ငှက်ပျောသီး ၂။အာလူး ၃။ထောပတ်သီး ၄။လိမ္မောသီး ၅။ပန်းဂေါ်ဖီ အစိမ်း ၆။မုန်လာဥနီ ၇။ဖရဲသီး ၈။ခရမ်းချဉ်သီး တို့တွင် Potassium ပါဝင်မှု များသောကြောင့် ရှောင်ရှားရပါတယ်။ Potassium ဓာတ်ပါဝင်မှုနည်းသော စားသုံး၍ ရသော အသီးအနှံများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၁။ပန်းသီး ၂။နာနတ်သီး ၃။ဂေါ်ဖီထုပ် ၄။သခွားသီး ၅။စတော်ပယ်ရီသီးတို့ဖြစ်ပါတယ်။ Phosphorous နှင့် Calcium ဓာတ်များအား ဘယ်လို ထိန်းသိမ်းပြီး စားသုံးမလဲ။ Phosphorous နှင့် Calcium ဓာတ်သည် အရိုးခိုင်မာစေသော အရိုးတည်ဆောက်ရာတွင် ပါဝင်သော ဓာတ်များ ဖြစ်ပါသည်။ သာမန်လူတွင် ဂရုစိုက်စရာမလိုသော်လည်း ကျောက်ကပ်ဝေဒနာရှင်များတွင် ဂရုစိုက်၍ စားသုံးရပါတယ်။ ပိုလျှံ၍ စားသုံးလျှင် ခန္ဓာကိုယ်တွင် Calcium ဓာတ်များ မစွန့်ထုတ်နိုင်သည့်အတွက် သွေးကြောတစ်လျှောက်တွင် ထို ထုံးဓာတ်ဖြစ်သော Calcium များ စုပုံခြင်းများ ဖြစ်နိုင်သည့် အတွက် နှလုံးသွေးကြောများ ကျဉ်းခြင်း ဖြစ်နိုင်ပါတယ်။ လုံးဝမစားသုံးလျှင် ကျပြန်တော့လည်း Calcium ဓာတ်များ လျော့နည်းသွားသည့်အတွင် လိုအပ်သော Calcium ဓာတ်များအား အရိုးမှ ပြန်လည်ထုတ်ယူ သုံးစွဲရခြင်းကြောင့် အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းများ ဖြစ်တတ်သည့် အတွက် လိုအပ်သည့် ပမာဏ အတိအကျ သာ စားသုံး၍ ရပါတယ်။ ထို့ကြောင့် ကျောက်ကပ်ဝေဒနာရှင်များ အနေဖြင့် ဆရာဝန်ညွှန်ကြားခြင်း မဟုတ်ပဲ Calcium ဓာတ်ပါဝင်မှု များသော သာမန်လူသောက်သုံးသော အားဆေးများ သောက်သုံး၍ မရကြောင်း အထူးသတိပြုသင့်ပါတယ်။ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို လည်း အလွန်အကျွံ မဟုတ်ပဲ ဂရုပြု၍ စားသုံးသင့်ပါတယ်။
အသားဓာတ်ကို ဘယ်လို ထိန်းသိမ်းပြီး စားသုံးမလဲ။ ကျောက်ကပ် ပျက်စီးမှု အဆင့် အနေအထားအပေါ်မူတည်ပြီး အသားဓာတ်ကို စားသုံးရပါတယ်။ ကျောက်ကပ်ပျက်စီး တာ များလာပြီး Late Stage ရောက်လာပြီဆိုလျှင် ယခင်စားသုံးနေသော အသားဓာတ်ထက် လျော့ပြီး စားသုံးရခြင်းများ ဖြစ်လာနိုင်သည့် အတွက် ပုံသေ သတ်မှတ်၍ မရပဲ ကျောက်ကပ် အထူးကုသမားတော် ညွှန်ကြားသည့် အတိုင်း စားသုံးသင့်ပါတယ်။ သွေးအားနည်းခြင်းဖြစ်တတ်သည့်အတွက် သံဓာတ်အား ဆေးကို လိုအပ်လျှင် ကျောက်ကပ်အထူးကု သမားတော် ညွှန်ကြားချက်နှင့် သောက်သုံးရခြင်းများ လည်း ရှိတတ်ပါတယ်။ ရေကို ဘယ်လို ထိန်းသိမ်းပြီး သောက်သုံးရမလဲ။ ကျောက်ကပ် စတင်ပျက်စီးခြင်း အဆင့် တွင် ရေအား လျော့သောက်စရာမလိုသေးပါ။ ကျောက်ကပ် ပျက်စီး သော အဆင့်များလာလျှင် ရေသောက်သုံးမှု ကို ကျောက်ကပ်အထူးကုသမားတော်မှ ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရပါတယ်။ ကျောက်ကပ်ရောဂါဝေဒနာရှင် များအနေဖြင့် ယခုဆောင်းပါးဖတ်ပြီး ဆောင်ရန်ရှောင်ရန်များအား ပို၍ တိတိကျကျ ရှင်းရှင်းလင်းလင်းနားလည် မည် ဟု မျှော်လင့်ပါတယ်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ပါဝင်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါသည် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်သည့်အတွက် မဖြစ်ခင်ကတည်းက ကြိုတင်စစ်ဆေးပြီး စောလျင်စွာကုသမှု ခံယူနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါ ဝေဒနာရှင်များ၊ သွေးချို ဆီးချို ရောဂါ ဝေဒနာရှင်များ၊ နှလုံး ရောဂါဝေဒနာရှင်များ အနေဖြင့် ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။ ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်မည်သည်တို့ပါဝင်သနည်း။ ၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။ ၂။ Urea &Eletrolyte, Creatinine ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါဝင်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။ ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါဝင်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါဝင်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဉာဏ်ရယူသင့်ပါသည်။ ၃။Urine RE (ဆီးစစ်ဆေးခြင်း) ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် သွေးတိုးရောဂါ အခံရှိသူများ၊ ဆီးချိုရောဂါ အခံရှိသူများ အပြင် အခြားသော ကျောက်ကပ်ရောဂါအမျိုးမျိုး ရှိသူများ၊ ကျောက်ကပ်အား Medical Checkup ပြုလုပ်ချင်သော မိဘပြည်သူများအတွက် အထူးဈေးနှုန်းသက်သာသော ကျောက်ကပ်စစ်ဆေးခြင်း ကျောက်ကပ် Package အား ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ ကျောက်ကပ် All in One Package (40000 ကျပ်) ကျောက်ကပ် All in One Package တွင် ပါဝင်သော ဝန်ဆောင်မှု အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 1.Ultrasound Abdomen (ကျောက်ကပ်ကောင်းမကောင်း Ultrasound ရိုက် စစ်ဆေးခြင်း) 2.Urea (ကျောက်ကပ်ဓာတ်) 3.Creatinine (ကျောက်ကပ်ဓာတ်) 4.Sodium (ဆိုဒီယမ်ဆားဓာတ်) 5.Potassium (ပိုတက်ဆီယမ် ဆားဓာတ်) 6.Chloride (ကလိုရိုက ဆားဓာတ်) 7.Bicarbonate (ဘိုင်ကာဗွန်နိတ် ဆားဓာတ်) 8.Electrolytes 9.Urine RE (ဆီးစစ်ဆေးခြင်း) 10.ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော် နှင့် အဖြေအား ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း 11.ဆေးခန်းဝန်ဆောင်ခ ကျောက်ကပ် ရိုးရိုး Package (27000 ကျပ်) ကျောက်ကပ် ရိုးရိုး Package တွင် ပါဝင်သော ဝန်ဆောင်မှု အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 1.Urea (ကျောက်ကပ်ဓာတ်) 2.Creatinine (ကျောက်ကပ်ဓာတ်) 3.Sodium (ဆိုဒီယမ်ဆားဓာတ်) 4.Potassium (ပိုတက်ဆီယမ် ဆားဓာတ်) 5.Chloride (ကလိုရိုက ဆားဓာတ်) 6.Bicarbonate (ဘိုင်ကာဗွန်နိတ် ဆားဓာတ်) 7.Electrolytes 8.Urine RE (ဆီးစစ်ဆေးခြင်း) 9.ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော် နှင့် အဖြေအား ဆွေးနွေးတိုင်ပင်ပြသခြင်း၊ ကုသမှုခံယူခြင်း 10.ဆေးခန်းဝန်ဆောင်ခ အထက်တွင် ဖော်ပြထားသော ဝန်ဆောင်မှု ၁၀ မျိုး ပါဝင်သော ကျောက်ကပ် Package အား ၂၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အထူးသက်သာစွာဖြင့် လုပ်ဆောင်နိုင်ပြီကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြသနိုင်သော ကျောက်ကပ်အထူးကုသမားတော်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ဒေါက်တာ မြထွေးငယ် M.B.,B.S, M.Med.Sc (Int. Med) MRCP (UK), FRCP (Edin) Dr.Med.Sc (Nephrology) ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ကြီး ဆီးနှင့် ကျောက်ကပ် ဆေးအထူးကုဌာန ရန်ကုန်အထူးကုဆေးရုံကြီး အင်္ဂါ၊ စနေနေ့ ညနေ ၅ နာရီ။ ၂။ဒေါက်တာဝေဖြိုး M.B.,B.S, M.Med.Sc (Int. Med) MRCP (UK) လက်ထောက်ကထိက ဆီးနှင့် ကျောက်ကပ် ဆေးအထူးကုဌာန ရန်ကုန်အထူးကုဆေးရုံကြီး တနင်္လာ၊ဗုဒ္ဓဟူး ညနေ ၄း၃၀။ စနေ၊ On Call. သွေးတိုးရောဂါ အခံရှိသူများ၊ ဆီးချိုရောဂါ အခံရှိသူများ အပြင် အခြားသော ကျောက်ကပ်ရောဂါအမျိုးမျိုး ရှိသူများ၊ ကျောက်ကပ်အား Medical Checkup ပြုလုပ်ချင်သော မိဘပြည်သူများအတွက် အထူးဈေးနှုန်းသက်သာသော ကျောက်ကပ်စစ်ဆေးခြင်း ကျောက်ကပ် Package များအား ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကျောက်ကပ်စစ်ဆေးပြီးသော ဆီးနှင့် ကျောက်ကပ် ဝေဒနာရှင်များ အနေဖြင့် Package မလုပ်ပဲ ဆီးနှင့် ကျောက်ကပ်အထူးကုသမားတော်များနှင့် ပုံမှန်အတိုင်း ရိုးရိုး ပြသနိုင်ပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်များ နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူပေးပါရန် အတွက် လေးစားစွာ ပန်ကြားအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာအမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။)
Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။
OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
