No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖားကန့်ကနမ့်မှော်ရဲစခန်းကို ဒီကနေ့မနက် အစောပိုင်းမှာ ကေအိုင်က ၀င်တိုက် ဖားကန့်မြို့နယ် နမ့်မှော်ရဲစခန်းကို ဒီကနေ့ မတ် ၁၈ ရက် မနက်အစောပိုင်း ( ၁နာရီကျော် ၀န်းကျင်)လောက်က ကေအိုင်အေကနေ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ နမ့်မှော်ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ‘ ‘ ပစ်ခတ်တာတွေကတော့ ည ၁နာရီကျော်လောက်ကတည်းက ကြားရတာ။ တစ်ရွာလုံးလည်းကြား ရတယ်။အပြင်ထွက်လာတာတွေတော့ရှိပေမယ့် စခန်းကိုတော့သွားမကြည့်ရဲကြဘူး။ စခန်းက တောင်ထိပ်မှာ ရွာကချိုင့်ထဲမှာဆိုတော့ နည်းနည်းတော့လှမ်းတယ်။ လက်နက်နဲ့ပစ်ခတ်သံတွေကတော့ ၁နာရီနီးပါးလောက်ကြာတယ်။"လို့ သူကပြောပါတယ် ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို https://bbc.in/30UK2Nu မှာ ဖတ်ရှုနိုင်ပါတယ်။ Credit: