အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးလာသော လည်ပင်းတွင် ရှိသော အရိုးများ ကြားရှိ အရိုးနုများပါး သောကြောင့် လှုပ်ရှားရခက်ခဲခြင်း၊ လှုပ်ရှားလျှင်နာခြင်း စသော ရောဂါ လက္ခဏာများ ဖြစ်ပေါ် ခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ထို အရိုးနုများပါးပြီး အရိုးအတက်ထွက် ခြင်းကြောင့် လည်းဖြစ်ပေါ်တတ်ပါသည်။ ထိုထွက်လာသော အရိုးအတက်များသည် ကျော်ရိုးမကြီးမှ ထွက်လာသော အာရုံကြောများအား ဖိမိသည့်အခါတွင် ကျီးပေါင်းလက္ခဏာများ ခံစားရလေ့ရှိပါသည်။ နာတာ၊ ကျင်တာ ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာတို့ ဖြစ်စေပါတယ်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ အရိုးကျီးပေါင်းတက်ခြင်းသည် လည်ပင်းတွင် အများဆုံးဖြစ်ပေါ်တတ်သောကြောင့် လည်ပင်းကျီးပေါင်း တက်ခြင်းဟုခေါ်ဆိုကြခြင်းဖြစ်ပါသည်။ လည်ပင်းတွင်သာမက ခန္ဓာကိုယ်၏ ကျောရိုးမကြီး တလျောက် ဖြစ်ပေါ်တတ်ပါသည်။ ကျောရိုးမကြီးတွင် အဆစ်ပေါင်း ၃၃ ဆစ်ရှိပါသည်။ လည်ပင်းတွင် ၇ ဆစ်၊ ရင်ခေါင်းတွင် ၁၂ ဆစ်၊ ခါးတွင် ၅ ဆစ်၊ တင်ပါးတွင် ၅ ဆစ်နှင့် အမြီးပိုင်းဟုခေါ်သော နေရာတွင် ၄ ဆစ်ဟူ၍ စုစုပေါင်း ၃၃ ဆစ်ရှိပါသည်။ ထို နေရာများတွင် ကျီးပေါင်း အဖြစ်များဆုံး ဖြစ်ပေါ်ပြီး ခါးနာခြင်း၊ လည်ပင်းဇက်ကြောတက်ခြင်း၊ မူးဝေခြင်း တို့သည် ကျီးပေါင်းဖြစ်ခြင်းကြောင့် ခံစားရသော ရောဂါ လက္ခဏာများ ဖြစ်ပါသည်။ လည်ပင်းမှာဖြစ်လျှင် Cervical Spondylosis ဟုခေါ်ဆိုပြီး ခါးတွင် ဖြစ်လျှင် Lower Back Spondylosis ဟုခေါ်ဆိုပါသည်။ အရိုးကျီးပေါင်းရောဂါ ဖြစ်စေသော အကြောင်းအရင်းများ ၁။အထိုင်များခြင်း။ ရုံးအလုပ်စသော ကွန်ပျူတာ အကြည့်များခြင်း။ ၂။လှုပ်ရှားမှုနည်းခြင်း။ လေ့ကျင့်ခန်း လုပ်နည်းခြင်း။ ၃။အဝလွန်ခြင်း။ ၄။လည်ပင်းအား ယခင်က ထိခိုက်ခဲ့ဖူးခြင်း။ ၅။အလေးအပင်များ အမများခြင်း။ ၆။အသက်အရွက်ကြီးလာသောကြောင့် အရိုးနုများပါးလာခြင်း။ အရိုးကျီးပေါင်းရောဂါ လက္ခဏာများ ၁။လည်ပင်းလှုပ်ရှားလျှင် နာကျင်ခြင်း။ လှုပ်ရှားရခက်ခဲခြင်း။ ၂။ဇတ်ခိုင်နေခြင်း။ ၃။ခေါင်းကိုက်ခြင်း။ ၄။မူးဝေခြင်း။ ၅။လက်များ လှုပ်ရှားလျှင် ကျင်ခြင်း၊ နာခြင်း။ ၆။ခေါင်းအား ဘေးဘက်သို့ ကောင်းမွန်စွာ မလှည့်နိုင်ခြင်း။ ၇။ခေါင်းလှုပ်ရှားသောအခါတွင် လည်ပင်း အဆစ်များမှ အသံမြည်ခြင်း။ ၈။လက်တလျှောက် အပ်နှင့် အထိုးခံရသလို ခံစားရခြင်း။ ၉။လည်ပင်းတွင် Cervical Spondylosis ဖြစ်ခြင်းကြောင့် အာရုံကြောကို ဖိခြင်းကြောင့် ကိုယ်ခန္ဓာ အောက်ပိုင်းတစ်ခုလုံးအားနည်းခြင်း၊ လမ်းသွားရာတွင် ပုံမမှန်ခြင်း။ ၁၀။ဆီးဝမ်းမမှန်ခြင်း။ ရောဂါ လက္ခဏာများသည် မနက်ပိုင်း အိပ်ရာထထခြင်းတွင် အဆိုးဆုံးဖြစ်ပြီး ညနေပိုင်းသို့ရောက်သော အခါတွင် တဖြည်းဖြည်းသက်သာသွားခြင်း။ အထက်ပါရောဂါလက္ခဏာများ ခံစားနေရလျှင် အရိုးကျီးပေါင်းဖြစ်နေသည်ဟု အကြမ်းဖျင်းပြောလို့ ရပါတယ်။ ထိုကဲ့သို့ ကျီးပေါင်းဖြစ်နေသည့်အခါတွင် အရင်ဆုံး မည်သည့်အဆစ်တွင် ကျီးပေါင်းဖြစ်နေသည်အား အရင်ဆုံးသိရှိအောင် ပြုလုပ်ရပါသည်။ ကျီးပေါင်းလက္ခဏာ ခံစားနေရသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းအား အရင်ဆုံး X Ray ရိုက်ကူးပြီး အရိုးတွင် ကျီးပေါင်းဖြစ်နေသည့် အခြေအနေအား သေချာစွာ ကြည့်ရှုရပါသည်။ ကျီးပေါင်းဖြစ်နေသည့် အရိုးအဆစ် တိတိကျကျ၊ ကျဉ်းနေသော ပါးနေသော အရိုးနု၏ အခြေအနေ၊ အရိုးအတက် ထွက်ခြင်း အခြေအနေ စသည်တို့အား အသေးစိတ်ကြည့် ရှုပြီး ကုသခြင်းအား ဆုံးဖြတ်ပါသည်။
အရိုးကျီးပေါင်းဖြစ်နေသည့် အခါတွင် ခံစားရသော လက္ခဏာများသည် ဆိုးသည့်အတွက် နားလည်တတ်ကျွမ်းသော အရိုး၊အကြော၊ အဆစ် အထူးကုဆရာဝန်နှင့် သေချာပြသပြီး တိုင်ပင်ကုသ သင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးသည် ကုသခြင်းဆေး သက်သက်မဟုတ်ပဲ အခြားသော နည်းလမ်းအများအပြားရှိပါသည်။ ကျီးပေါင်းတက်ခြင်းအတွက် အရိုးနုများပြန်လည်အားကောင်းစေသော အရိုးနုအားဆေးများလည်း သောက်သုံးသင့်လျှင် သောက်သုံးရနိုင်ပါသည်။ ထိုမျှသာမက အခြားသော အရိုးကျီးပေါင်းတက်ခြင်းအတွက် ခံစားနေရာသော ကျင်ခြင်း၊ မူးဝေခြင်း နှင့် အခြားသော ရောဂါ လက္ခဏာများ အတွက် ဆေးများအား သောက်သုံးသင့်ပါသည်။ လေ့ကျင့်ခန်းအား လည်း လုပ်ပေးရမည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် အရိုးကျီးပေါင်းဖြစ်နေသော နေရာနှင့် ရောဂါ အဆိုးအကောင်း အခြေအနေ အပေါ်မူတည်ပြီး လုပ်ရမည့်လေ့ကျင့်ခန်းများ သည် တူညီမည်မဟုတ်ပါ။ အရိုးကျီးပေါင်းသည် ဖြစ်ဖြစ်ချင်း စောလျှင်စွာသိရှိကုသလျှင် ပို၍ ဆိုးရွားမလာအောင် ထိန်းသိမ်းကုသ၍ ရသော ရောဂါဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အရိုးကျီးပေါင်း ခံစားနေရပါက တတ်ကျွမ်းနားလည်သော အရိုး၊ အကြော၊ အဆစ် အထူးကုသမားတော်ကြီးများနှင့် ပြသဖို့ အကြံပြုပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အရိုးကျီးပေါင်းသာမက ခါးနာခြင်း၊ လည်ပင်းကြီးပေါင်းတက်ခြင်း၊ ကျောရိုးကျီးပေါင်း တက်ခြင်းနှင့် ဒူးနာခြင်း၊ အခြားသော အရိုး၊အကြော၊ အဆစ်ရောဂါ များရောဂါများအား ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ Family Doctor အထူးကုဆေးခန်းတွင် လည်ပင်းကျီးပေါင်းတက်ခြင်း အပါအဝင် ခါးနာခြင်းအပြင် အခြားသော အရိုးအဆစ်နာကျင်ခြင်း ခံစားနေရသော မိဘပြည်သူများအတွက် ဈေးနှုန်း သက်သာသော X Ray Package အား စီစဉ်ထားရှိပါသည်။ ထို X Ray Package တွင် ပါဝင်သော ဝန်ဆောင်မှုများမှာ ၁။မိမိခံစားနေရသော ခန္ဓာကိုယ် အစိတ်အပိုင်းအား X Ray ဓာတ်မှန် ရိုက်ကူးခြင်း။ (ဓာတ်မှန် ၂ ပုံ ရိုက်ကူးခ ပါဝင်မည်ဖြစ်ပါသည်)။ ၂။အရိုး၊ အကြော၊အဆစ် အထူးကုသမားတော် နှင့် ဆွေးနွေးပြသ ကုသခြင်း (စမ်းသပ်ခ) ပါဝင်မည်ဖြစ်ပါသည်။ ၃။ဆေးခန်းဝန်ဆောင်ခ တို့ပါဝင်မည်ဖြစ်ပါသည်။ ထို အရိုးကျီးပေါင်း Package အား အပြီးအစီး ငွေကျပ် ၂၁၀၀၀ ကျပ် ဖြင့် အထူးချိုသာသော ဈေးနှုန်းဖြင့် ဆွေးနွေးပြသ ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ X Ray ရိုက်ပြီးသော မိဘပြည်သူများ အနေဖြင့်လည်း အရိုးအထူးကုသမားတော်နှင့် Package မလုပ်ပဲ ပုံမှန် အတိုင်း ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြသနိုင်သော အရိုးအထူးကု သမားတေ်ာများ မှာ ၁။ဒေါက်တာစိုးစံ M.B.,B.S (Ygn), M.Med.Sc (Orthopedics) Dr.Med.Sc (Orthopedics) AO Trauma Regional Fellowship (Mumbai) Fellowship in Pediatric Orthopedics (Seoul) Travelling Fellowship in Paediatric Orthopedics (POSNA) ရန်ကုန်ပြည်သူ့ အရိုးအထူးကုဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၅း၃၀ နာရီ။ တနင်္ဂနွေနေ့ နံနက် ၉ နာရီ။ ၂။ ဒေါက်တာဇာခြည်ဝေလင်း M.B.,B.S, M.Med.Sc (Int. Medicine), MRCP (UK) Fellowship in Rheumatology (Singapore) အတိုင်ပင်ခံ သမားတော် (Consultant Physician) အရိုး၊အကြော၊ အဆစ် ဆေးပညာဌာန ရန်ကုန် ကုတင် (၅၀၀) အထူးကုဆေးရုံသစ်ကြီး တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့ ညနေ ၅ နာရီ။ စနေနေ့ ညနေ ၅ နာရီ။ ၃။ဒေါက်တာ မျိုးမင်းကျော်မြင့် M.B.,B.S (Ygn), M.Med.Sc (Orthopedics) ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး နေ့စဉ် ညနေ ၅ နာရီ။ အရိုး၊ အကြော၊အဆစ် အထူးကု သမားတော် နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-972176786, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။
Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကာလ အား ထပ်မံတိုးမြင့်လိုက် ပြီ ဖြစ်ကြော်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။
အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။
Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။
Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။
