
လားရှိုး ကချင်နှစ်ချင်းဘုရားကျောင်းက ဖမ်းဆီးခံရသူတွေ အပါအဝင် ၂၁ဦး ပြန်လွတ်မြောက်လာ ~~~~~~ ■ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မတ်လ ၁ ရက်နေ့ မနေ့က ဖမ်းဆီးခံထားရတဲ့ ကချင်နှစ်ချင်း အသင်းတော် ဘုရာကျောင်းက အတွင်းရေးမှူးအပါအဝင် ၁၄ ဦးနဲ့ မတ်လ ၂၈ ရက်နေ့ ဆန္ဒပြမှုမှာ ပါဝင်တဲ့ ဆန္ဒပြသူ ရှစ်ဦးထဲက ခုနှစ်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ လားရှိုးမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှာ လားရှိုးကချင်နှစ်ချင်း အသင်းတော်က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တွေညှိနှိုင်းပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။ မတ်လ ၂၈ ရက် နေ့ အဖမ်းခံရသူတွေကိုတော့ မိဘတွေ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ မြို့မိမြို့ဖတွေရှေ့မှာ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ မနေ့က ဆန္ဒပြမှုမှာ ပါဝင်တဲ့ လူငယ်အချို့က အရပ်ဝတ်နဲ့ ရဲတပ်ကြပ်အဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးပြီး ကချင်ဘုရားကျောင်းဝန်းထဲကို ခေါ်ဆောင်သွားခဲ့တာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ကချင်ဘုရားကျောင်းက အတွင်းရေးမှူး အပါအဝင် ၁၄ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်း လားရှိုးမြို့မရဲစခန်းရှေ့ ဖမ်းဆီးခံရသူကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ အမှုဖွင့်ထားသူ ၁၈ဦး၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရသူ ၃၂ ဦးရှိပြီး အဲဒီထဲက အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကိုတော့ ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ Credit: