No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွှေပြည်သာက ကင်းသမား သေနတ်ပစ်ခံရပြီးသေဆုံးမှု အမှုဖွင့်ခွင့် မရသေး မနေ့က ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ် တ-၁၅ရပ်ကွက်မှာ ညဘက် ရပ်ကွက်ကင်းစောင့်နေတဲ့ ကင်းသမားတစ်ဦး သေနတ်နဲ့ ပတ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သေဆုံးသူ အသက် ၃၀ နှစ်အရွယ် ကိုတင်ထွဋ် ဟိန်း ရဲ့ ဇနီးနဲ့ ဖခင်ဖြစ်သူက ဒီမနက်ပိုင်းမှာ သက်ဆိုင်ရာလှော်ကားရဲစခန်းကို အမှုဖွင့်ဖို့ သွားရောက်ခဲ့ပေမယ့် ရဲစခန်းတာဝန်ရှိသူတွေက အမှုဖွင့်ခွင့် မပေးသေးဘဲ ဖျန်ဖြေပြောကြားတာ၊ ဖြစ်စဥ်ဟာ တာဝန်ချိန်အတွင်း လုပ်ဆောင် တာဖြစ်တဲ့အကြောင်း ရှင်းပြတာနဲ့ဆွေးနွေးတဲ့သဘောသာ လုပ်ဆောင်ပေးတယ်လို့ သေဆုံးသူရဲ့ဖခင်ဖြစ်သူဦးကိုကိုက ဘီဘီစီကို ပြောပါ တယ်။ ဒီအကြောင်းအပါအဝင် အာဏာသိမ်းမှု ၂၁ ရက်မြောက်နေ့ နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56091207 Credit: