
ကိုဗစ်တတိယလှိုင်း (ဆောင်းပါး) သစ်နွေဦး အရင် ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ရင်ဆိုင်ဖြတ်သန်းတုန်းက မင်းနဲ့ပြည်သူကြည်ဖြူ၊ မင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေတူတူ၊ မင်းနဲ့စေတနာ့ဝန်ထမ်းတွေ မငြူစူ၊ အားလုံးညီတူညာတူဝိုင်းပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာပါ။ အခု တတိယလှိုင်းမှာကျ ပြည်သူကတဘက် စစ်တပ်ကတဘက်အခြေအနေဖြစ်နေပြီ။ ဘာတခုမှ ရေရေရာရာ မလုပ်တတ်တဲ့ စစ်အကြမ်းဖက်အုပ်စု လက်ထက်ဖြစ်နေတယ်။ ဆေးရုံတွေဖွင့်တယ်။ မအောင်မြင်ဘူး။ ကျန်းမာရေးဝန်ထမ်းအများစုက CDM ဝင်နေကြတယ်။ တက္ကသိုလ်တွေဖွင့်တယ်။ လာတက်တဲ့ကျောင်းသားမရှိဘူး။ စာသင်ကျောင်းတွေဖွင့်တယ်။ ကျောင်းရှေ့ကြည့်လိုက်ရင် ကျီးနဲ့ဖုတ်ဖုတ်။ ဘာတခုမှမအောင်မြင်ဘဲ ဘာတခုမှအရာမထင်ဘဲ လူသတ်၊ ပစ္စည်းလု၊ စစ်ဓားပြအလုပ်ကိုသာ တွင်တွင်လုပ်နေတဲ့ စစ်အကြမ်းဖက်လက်ထက်မှာ ကိုဗစ်ပိုးကူးစက်ခံရလို့ ကတော့ သေဖွယ်ရာသာရှိတယ်။ http://burmese.dvb.no/archives/471297 #ကိုဗစ်တတိယလှိုင်း Credit: