No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြင်းခြံမြို့က သပိတ် ဖြိုခွင်းခံရ။မျက်ရည်ဗုံး၊ ရာဘာကျည်နဲ့ ပစ်။ ကျည်အစစ်များဖြင့်လည်း ဖြစ်သည်ဟု (ယူဆရ)။ လက်ရှိအချိန်ထိ အနည်းဆုံး ၄ ဦးကျည်ထိမှန်ထား။ မြင်းခြံ အပြင်းအထန် ဖြစ်နေ။ သပိတ်ပြန်ကြားရေးက ကျနော့်ကို ဖုန်းဆက်ပြောချက်အရ ရာဘာကျည်၊ ကျည်အစစ်များနှင့် ပစ်ခံရသူ စုစုပေါင်း ၉ ဦးရှိ။ ၃ ဦးမှာ ဝမ်းဗိုက်၊ ခြေထောက်နှင့် ပေါင်များကို ပစ်ခံထားရ။ သပိတ်တပ်ဦးမှာ ပိတ်မိနေ။ ယခု ဒီစာရေးနေချိန်ထိ ပစ်ခတ်နေဆဲဖြစ်။ 11:53 AM 3.3.2021 Source:Mratt Kyaw Thu Credit: