စမ်းချောင်းမှာ ဆန္ဒပြနေသူတွေကို ပစ်ခတ်ဖြိုခွင်းဖမ်းဆီး၊ ကျွန်းတောလမ်းသပိတ် ရဲနဲ့ ထိပ်တိုက်တွေ့ စမ်းချောင်းမှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ရပ်ကွက်တွေလမ်းကြားတွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေပြီး လမ်းကြားတွေထဲမှာတောင် ပစ်ခတ်တာတွေလုပ်နေတယ်လို့ အဲဒီလမ်းတွေထဲမှာ နေထိုင်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။ ချမ်းသာလမ်း၊ ဇဗ္ဗူရစ် လမ်းတွေထဲအထိ ဝင်ဖမ်းတာဖြစ်ပြီး လုံထိန်းတွေက အခုမှ ငိုမနေနဲ့ဆိုပြီး ပြောဆိုတာမျိုးလည်းကြားရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြလူငယ် လေးဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။ ကျွန်းတောလမ်းမှာလည်း သပိတ်နဲ့ လုံထိန်းတွေ မတ်လ ၃ ရက် နံနက်ပိုင်း မှာ ထိပ်တိုက်တွေ့နေတဲ့အခြေအနေဖြစ်ပြီး ရဲတပ်ဖွဲ့က အသံဗုံးနဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပေမယ့် လူစုကွဲမသွားဘဲ ဆန့်ကျင်ဆန္ဒပြနေဆဲဖြစ်ပါတယ်။ လတ်တလောမှာ အဖမ်းခံရတဲ့ဆန္ဒပြ လူငယ် ၂၀ ဝန်းကျင်ရှိပြီး ပန်းခြံလမ်းထိပ်မှာ စုစည်းထားရှိတယ်လို့ သိရပါတယ်။ ဘီဘီစီ မြန်မာပိုင်း Credit:
