
ခေတ္တကျန်းမာရေးနှင့်အားကစားဝန်ကြီးအား ဦးစီးဌာန ၅ ခုမှ ဆေးပညာရှင်များ ထောက်ခံကြိုဆို . ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဖေဖော်ဝါရီ (၂) နေ့တွင် ခန့်အပ်လိုက် သည့် ခေတ္တကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပညာဒေါက်တာဇော်ဝေစိုးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန (၅) ခုမှ CDM ဝင်နေသော တရားဝင်အစိုးရ၏ ဆေးဝါးပညာရှင်များက ထောက်ခံကြိုဆို ကြောင်း ယမန်နေ့တွင် ထုန်ပြန်ကြေညာထားသည်ဟု သိရသည်။ . ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးသုတေသဦးစီးဌာန စသည့်ဦးစီးဌာန (၅) ခုမှ CDM ဝင်နေသော ဆေးပညာရှင်များက အသိအမှတ်ပြုကြောင်း၊ ဝန်ကြီး၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်နှင့်အမိန့်များအား နာခံဆောင်ရွက် ရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်ဟု သိရသည်။ . သတင်း : ရွှေကရင် (ရာမညမြေ) ဓာတ်ပုံ : FB . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: