No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နိုင်ငံတစ်ဝန်း မတ်လ ၃ ရက်နေ့ စစ်တပ်နှင့်ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦး ကျဆုံး . နိုင်ငံတစ်ဝန်း မတ်လ ၃ ရက်နေ့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်း ပစ်ခတ် သတ်ဖြတ်မှုကြောင့် စုစုပေါင်း ၁၃ ဦးကျဆုံးခဲ့ပြီး သေဆုံးသည့်အရေအတွက်မှာ ထပ်မံ တိုးပွားလာနိုင်သည်။ ကျည်အစစ်ထိမှန်၍ ဒဏ်ရာရရှိသူ စုစုပေါင်း ၆၀ ထက်မနည်းရှိသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနက စုဆောင်း ရရှိထားသည်။ ယနေ့ ကျဆုံးသော စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မုံရွာ ၇ ဦး ၁-ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆နှစ်) ၂-ကိုမိုးအောင် (၂၃နှစ်) ၃-မကျော့နန္ဒာအောင် (၂၅နှစ်) ၄-မောင်မင်းခန့်ကျော်(ခ)ဖိုးသဲ (၁၇နှစ်) ၅-အသက်၄၅နှစ်အရွယ် အမည်မသိအမျိုးသား ၁ ဦး ၆- သေဆုံးသူ ၂ ဦး ( ရဲတပ်ဖွဲ့က အလောင်း သိမ်းဆည်းထား) . ရန်ကုန် ၁ ဦး မြောက်ဥက္ကလာပ ၁ ဦး (ကိုထက်အောင်) . မန္တလေး ၃ ဦး - မန္တလေးမြို့ ၂ ဦး ( မကြယ်စင်နှင့်ကိုမျိုးနိုင်လင်း(ခ)ဖိုးလင်း) - မြင်းခြံ ၁ ဦး (ကိုဇင်ကိုဇော် အသက် ၁၄ နှစ်) . မကွေးတိုင်း ၁ ဦး -စလင်း ၁ ဦး (ကိုအောင်မြင့်မြတ်) စစ်ကိုင်းတိုင်း ၁ ဦး . -ကလေးမြို့ (ယမန်နေ့က သေနတ်ထိမှန်ပြီး ယနေ့တွင် သေဆုံး ၁ ဦး) . မူရင်း : Khit Thit Media ဓာတ်ပုံ : FB . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: