No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတွေ ပိတ်ဖို့ အလားအလာရှိနေတယ်လို့ဆို ဇန်နဝါရီ - ၁၄ ၊၂၀၂၁ ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်လာ တဲ့အတွက် ရန်ကုန်မြို့က ဆူးလေရှန်ဂရီလာ ဟိုတယ် ယာယီပိတ်လိုက်ရပြီးတဲ့နောက် ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီး တွေလည်း ပိတ်ရမယ့်အလားအလာတွေရှိနေတယ်လို့ မြန်မာ့ခရီးသွားဘဏ်ရဲ့ ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောပါတယ်။ လက်ရှိမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ပိုင်တဲ့ ဟိုတယ်အချို့ ပြန်ဖွင့်နေပြီဖြစ်ပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်ကြီးတွေ အနေနဲ့တော့ စီးပွားရေးအရ အလားအလာမကောင်းဘူးလို့ ဆိုပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ ဟိုတယ်အချို့ ဟာ ပြည်တွင်းဧည့်သည့် တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်လာကြတာလို့ပြောပါတယ်။ ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းပြီး အသုံးစရိတ် ကန့်သတ်ရမယ့် အခြေအနေတွေကြောင့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ၉လကြာပိတ်သိမ်းထားမယ်လို့ ဟိုတယ်ဘက်က မနေ့ကထုတ်ပြန်ကြေငြာခဲ့တာပါ။ ဒီလို ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေဟာ နိုင်ငံတကာခရီးသွားတွေပြန်လည်ဝင်ရောက် မှသာ ရာနှုန်းပြည့် လည်ပတ်နိုင်မှာဖြစ်တဲ့အတွက် ဒီအခြေအနေကို ရောက်ဖို့ကတော့ ၂၀၂၁ ခုနှစ်ထဲမှာ ခက်ခဲဦးမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သုံးသပ်ထားကြတာပါ။ ပြည်တွင်းမှာ ကိုဗစ် စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ပြည်ပခရီးသွားတွေနဲ့လည်ပတ်နေရတဲ့လုပ်ငန်းတွေဟာ ရာနှုန်းပြည့်နီးပါးရပ်နားထားရတာပဲဖြစ်ပါတယ်။ သတင်း-မိုးညို