
လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ မီးရထားဝန်ထမ်းများပါဝင်လာခြင်းကြောင့် ရန်ကုန်မြို့တွင်းမြို့ပတ်ရထားများအပါအဝင် ရန်ကုန်-မန္တလေးရထားများ၊ ကုန်တွဲရထားများ အားလုံးနီးပါး ယခုရက်ပိုင်းအတွင်း ရပ်ဆိုင်းခဲ့သည်။ လမ်းမတော်မြို့နယ်နေ ဦးခင်စန်းကမူ ရေရှည်အကျိုးအတွက် အခက်အခဲများကို ခေတ္တသည်းခံကြရမည်ဟုဆိုသည်။ COVID-19 ရောဂါကြောင့် ရပ်ဆိုင်းခဲ့သည့် ပို့ဆောင်ရေးလုပ်ငန်းများတွင် တစ်ခုအပါဝင်ဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၄ ရက်တွင် သက်ဆိုင်ရာကအကုန်ပြန်ထွက်ရန် ညွှန်ကြားခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ရထားများပြန်လည်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် တစ်နိုင်ငံလုံးပြေးဆွဲနေသည့် ရထားများရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ရုံးဝန်ထမ်းအများစု အားထားစီးနင်းနေရသည့် မြို့ပတ်ရထားမှာ COVID-19 ဒုတိယလှိုင်းအတွင်း စီးနင်းသူ ရာဂဏန်းအထိသာရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီအတွင်းမှစတင်ကာ စီးနင်းသူ ၄ဝဝဝ ဝန်းကျင်သို့ပြန်လည်ရောက်ရှိခဲ့သည်။ စနေတနင်္ဂနွေရုံးပိတ် ရက်များတွင် စီးနင်းသူ ၂ဝဝဝ ဝန်းကျင်ခန့်ရှိသည်။ Credit: