No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရခိုင် မှာ4G အင်တာနက် ပြန်လည်အသုံးပြု ခွင့်ဖို့ ပြည်နယ်လွှတ်တော်မှာဆွေးနွေးမယ် ဇန်နဝါရီ - ၁၄ ၊၂၀၂၁ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ မြန်နှုန်းမြင့် 4G အင်တာနက် ပြန်လည်အသုံးပြု ခွင့်ဖို့ အတွက် အစိုးရကို တိုက်တွန်းတဲ့အဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးတော့မှာပါ။ မြန်နှုန်းမြင့် 4G အင်တာနက်ပြန်လည် အသုံးပြုခွင့်ပေးဖို့ ပြည်နယ်အစိုးရ ကတဆင့် ပြည်ထောင်စုအစိုးရ ကို တိုက်တွန်းပေးဖို့ အဆိုကို ရခိုင်အမျိုးသားပါတီ ရဲ့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန် က ဒီနေ့ မှာ ရခိုင်ပြည်နယ်လွှတ်တော် ကို တင်သွင်းလိုက်တာပါ။ ဒီအဆိုကို ရခိုင်အမျိုးသားပါတီရဲ့ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ထောက်ခံခဲ့ပါတယ်။ အဲဒီနောက်အဆိုကို လွှတ်တော် မှာ လက်ခံဆွေးနွေးဖို့ သင့်မသင့် လွှတ်တော်ရဲ့သဘောထားတောင်းခံရာမှာ ကန့်ကွက်သူမရှိ ခဲ့ဘူးလို့ သိရပါတယ်။ အဆိုကိုတင်သွင်းရတဲ့အကြောင်းရင်းကတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေငြိမ်သက်နေပြီဖြစ်တဲ့အတွက် 4G အင်တာနက် ကိုပြန်ဖွင့်ပေးသင့်ပြီး ဒီလို အင်တာနက် မရတဲ့အတွက် လူမှုရေး ၊ ကျန်းမာရေး၊ စီးပွားရေး နဲ့ ပညာရေးကဏ္ဍတွေမှာ ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ အဆိုရှင် က လွှတ်တော်ကို တင်ပြပါတယ်။ ဒီအဆိုကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဇန်နဝါရီလ ၁၈ ရက်နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းကြရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေ မှာ ၂၀၁၉ ခုနှစ် ဇွန်လက စတင်ပြီး လုံခြုံရေးအခြေအနေအရ အစိုးရက အင်တာနက် ပိတ်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ် ဩဂုတ်လမှာတော့ အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့် 2G အင်တာနက်သာ ရရှိခဲ့တာ လို့ သိရပါတယ်။ သတင်း ၊ ဓာတ်ပုံ - မောင်ကံ ရခိုင်ပြည်နယ်မှာ အင်တာနက် အသုံးပြုနေသူအချို့ကိုတွေ့ရစဉ် Credit