No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပိုးကူးစက်မှုနှုန်းကျလာရင် ရန်ကုန်ကပန်းခြံတွေကိုပြန်ဖွင့်ပေးဖို့ရှိနေ ဇန်နဝါရီ - ၁၄ ၊၂၀၂၁ ရန်ကုန်တိုင်းမှာ ရောဂါကူးစက်မှုနှုန်းလျော့ကျလာရင် ပိတ်ထားတဲ့ ပန်းခြံတွေကို ပြန်ဖွင့်ပေးဖို့ ရှိတယ်လို့ တိုင်းကျန်းမာရေးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်သစ်ကူးရုံးပိတ်ရက် ကာလမတိုင်ခင်ကတည်းက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးမဖြစ်အောင် ပန်းခြံတွေကို ယာယီပိတ်ထားတာပါ။ ဒီလိုပိတ်ထားတဲ့အပေါ် ရန်ကုန်တိုင်း ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ကူးစက်မှုနှုန်း လျော့ကျလာရင်တော့ဖြေလျော့ပေးဖို့ရှိတယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းမှာ ရောဂါကူးစက်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ နေ့စဉ် ပိုးတွေ့လူနာ ၅၀၀ ကျော်ရှိရာကနေ အခုနှစ် ဆန်းပိုင်းမှာတော့နေ့စဉ် ပိုးတွေ့နှုန်းက ၂၀၀ ဝန်းကျင်ကို ကျဆင်လာတာတွေ့ရပါတယ်။ ဒီလိုအခြေအနေကြောင့် ရန်ကုန်မှာ ကိုဗစ်ကုသရေး စင်တာအချို့ကို ပိတ်ဖို့လျာထားတယ်လို့လည်းသိရပါတယ်။ သတင်း - ယဉ်မွန် ရုပ်သံ - ကျော်စွာထွန်း Credit: