
ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်မှ အလွဲသုံးစား မလုပ်ဖူးကြောင်း ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီးဖြစ်သူ သစ္စာဆိုဖွင့်ဟ ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်)ဒေါ်ရွှေဇီးကွက်တို့ဟာ ပြည်သူလူထုက ယုံကြည် စွာလှူဒါန်းထားတဲ့ငွေနဲ့ ဝတ္ထုပစ္စည်းတွေကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်ကိုမှ အလွဲသုံးစားမလုပ်ခဲ့ကြောင်း ၎င်းတို့ရဲ့သ မီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက အခုလို ရေးသားထားပါတယ်။ "နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဘဦးသုခတို့နှင့်အတူ ၂၀၀၁ခုနှစ်တွင် စတင် တည်ထောင်တုန်းကလည်း စတင်မတည်ငွေအဖြစ် မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။ နာ/ကူအသင်း သက်တမ်းတလျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊ အချိန်အား၊ငွေအားစိုက်ကာ ငွေတစ်ပြားတစ်ကျပ်မှမယူပဲ စစ်မှန်သောပရဟိတ စိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုနေခြင်းသာ ဖြစ်ပါသည်။ မိမိ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို အဘယ်သော်အခါကမှ အဓမ္မဖြင့် လိမ်ညာအမြတ်ထုတ်ချင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာဆိုရဲသည်"သည် စသဖြင့် ရေးသားထားတာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူးဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီက မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။ နာကူအသင်းရန်ကုန်ရုံးကိုလည်း တပ်နဲ့ရဲက ဝင်ရောက်စီးနင်း ရှာဖွေထားပြီး စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းယူဆောင်သွားတယ်လို့ အခင်းဖြစ်စဉ်မှာ ရှိနေတဲ့သူတွေက ပြောကြားထားပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်လင့်မှာ https://bbc.in/2ODqxpH ဖတ်ရှုနိုင်ပါတယ်။ Credit: