No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာဟာ စစ်မြေပြင်သဖွယ်ဖြစ်နေပြီလို့ ကက်သလစ်ဂိုဏ်းချုပ်မိန့်ကြား ~~~~~~ ■ လက်ရှိမြန်မာနိုင်ငံဟာ စစ်မြေပြင်သဖွယ် ဖြစ်နေပြီလို့ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်မောင်ဘိုက သူ့ရဲ့ တွိတာ စာမျက်နှာကနေ ဖေဖော်ဝါရီလ ၂၈ ရက် ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေ မစွန်းစေဖို့ ဆုတောင်းကြဖို့လည်း ချားလ်မောင်ဘိုကတိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုနဲ့ နိုင်ငံကို အုပ်ချုပ်လို့မရဘဲ ပြည်သူအများရဲ့ ဆန္ဒကိုလေးစားလိုက်နာမှ နိုင်ငံကို အုပ်စိုးနိုင်မယ်လို့လည်း ချားစ်မောင်ဘိုက ဒီကနေ့ တရားဟောပြောချက်ထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ ကက်သလစ် သီလရှင်တစ်ပါးဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖို့လုပ်နေတဲ့ ရဲတပ်ဖွဲ့ ရှေ့တည့်တည့်ကထိုင်ပြီး ငိုကြွေးဆုတောင်းခဲ့ပါတယ်။ Credit: