
အိန္ဒိဘက်ထွက်ပြေးလာသည့် မြန်မာများကို မီဇိုရမ်ပြည်နယ်က ယာယီခိုလှုံခွင့်ပေးမည် . မြန်မာဘက်ထွက်ပြေးလာသော CDM ဝင်ရဲဝန်ထမ်းများကို ယာယီခိုလှုံခွင့်ပေးမည်ဟု မီဇိုရမ် ပြည်နယ်မှူးက ဆိုသည်။ . အိန္ဒိယဘက်ကို ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် (၈)ဦးကို ပြန်လည်လွှဲပြောင်းပေးရန် မြန်မာဘက်က မီဇိုရမ်ပြည်နယ်မှူးထံ ပြီးခဲ့သည့်သတင်းပတ်တွင် တောင်းဆိုထားသည်ဟု သိရသည်။ . အိန္ဒိယဘက်ကိုထွက်ပြေးတိမ်းရှောင်းသွားသည့် ရဲဝန်ထမ်းနှင့်မိသားစုဦးရေကို အတိအကျမသိရသေး သော်လည်း မီဇိုရမ်ပြည်နယ်အကြီးအကဲက (၂၀) ဦး မှ (၃၀) ဦးခန့်ရှိမည်ဟု ခန့်မှန်းထားပြီး မီဇိုရမ်မြို့တော် အကြီးတန်းရဲအရာရှိတဦးက (၁ဝဝ) နီးပါးရှိနိုင်သည်ဟု ဆိုသည်။ . “အခု CDM လုပ်ရတာက စစ်အုပ်ချုပ်ရေးမှာ လုံးဝ လုံခြုံရေး တာဝန် ထမ်းဆောင်လိုတဲ့ စိတ် မပေါက်တော့လို့ပါ။ အခု ပြည်သူ လူထုက ရဲတပ်ဖွဲ့ ရိုက်တယ် နှက်တယ် ဆိုတဲ့ ခံစားချက်နဲ့ ဒီ CDM လုပ်ရတာ ဖြစ်ပါတယ်” ဟု မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလှုံနေသော ချင်းပြည်နယ် ဖလမ်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးက ဆိုသည်။ . အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် CDM ဝင်ရဲဝန်ထမ်းများနှင့်မိသားစုဝင်များတွင် ဖလမ်း၊ တီးတိန်နှင့် ကလေးမြို့မှ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ရဲတပ်ကြပ်ကြီးက ဆက်လက် ပြောကြားသည်။ . မူရင်း : VOA ဓာတ်ပုံ : Google . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: