No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေ ပြန်လွှတ် ~~~~~ ■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နဲ့ အဖွဲ့ခွဲက ဖမ်းဆီးခံထားရသူတွေကို ဒီနေ့မနက်က အကုန်ပြန်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေအားလုံးကို ပြန်လွတ်ပေးလိုက်တာလို့ စစ်ကိုင်းတိုင်း UEC ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အတည်ပြုပြောပါတယ်။ ဖမ်းဆီးထားစဉ်မှာ မဲစာရင်းကိစ္စ စစ်ဆေးတာတွေရှိပေမယ့် ပြန်လွှတ်တဲ့အခါ တစ်စုံတစ်ရာ ဝန်ခံချက်ပေးရတာ လက်မှတ်ထိုးရတာမရှိဘူးလို့ ဆိုပါတယ်။ UEC ကော်မရှင်အဖွဲ့ဝင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဝန်းကျင်က စတင် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ Credit: