ကိုဇော်မြတ်လင်းသေဆုံးမှု ဇနီးဖြစ်သူပြောပြချက် မတ်လ(၈)ရက်ညပိုင်းက ရဲနဲ့စစ်တပ် ကနေ ရွှေပြည်သာမြို့နယ် စုသက်မွေးသိပ္ပံကျောင်းမှာ ကိုဇော်မြတ်လင်းကို ရှာဖွေခဲ့ကြရာကနေ ရှောင်တိမ်းဖို့ကြိုးစားရင်း ကိုဇော်မြတ်လင်းဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက်နေ့ မတ်လ(၉)ရက် နေ့လယ်ပိုင်းမှာတော့ ကိုဇော်မြတ်လင်း ရဲ့ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ လာရောက်စစ်ဆေးဖို့ဆိုပြီး ရွှေပြည်သာရဲစခန်းကအကြောင်းကြားခဲ့လို့ ဇနီးဖြစ်သူနဲ့ မိသားစုဝင်အချို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် မတ်လ(၁၁)ရက်နေ့ မှာတော့ ရွှေပြည်သာ ကျူချောင်သုသာန်မှာဈာပနအခမ်းအနားကို လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကိုဇော်မြတ်လင်းရဲ့ ရုပ်အလောင်း ဟာ မမှတ်မိနိုင်လောက်အောင် ပုံပျက်နေတဲ့အပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုဇော်မြတ်လင်းရဲ့ဇနီးဖြစ်သူမဖြူုဖြူဝင်းကိုဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit:
