No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"မော်လမြိုင်ကျွန်းမြို့တွင် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးမြို့နယ်သံဃနာယကဆရာတော်များ တောင်းဆို" မော်လမြိုင်ကျွန်းမြို့တွင် ယနေ့ဖမ်းဆီးထားသူများအားလုံး ပြန်လွှတ်ပေးရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များကိုယ်တိုင် ဒေသခံပြည်သူများနှင့်အတူ တောင်းဆိုလျက်ရှိသည် ။ ဖေဖော်ဝါရီ၂၇ရက် နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် တောင်းဆိုဆန္ဒပြမှုများ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့၏ အင်အားသုံးဖြိုခွင်းမှုကြောင့် ပညာရေးဝန်ထမ်းများအပါအဝင် ၁၈ဦးအဖမ်းခံခဲ့ရကြောင်း အဆိုပါမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ "ဖမ်းသွားမှန်းသိတော့ ရဲစခန်းကို လူအုပ်ကြီးက ဝိုင်းလိုက်သွားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်၊ ရဲက ၅ယောက်ဆီ သုံးကြိမ်ခွဲပြီး ၁၅ဦးပြန်လွှတ်ပေးပါတယ်"ဟု အဆိုပါမြို့ခံက ပြောသည်။ ပြန်မလွှတ်သေးသူ သုံးဦးကျန်နေသေးသဖြင့် လက်ရှိတွင် ဆရာတော်များအပါအဝင် ဒေသခံပြည်သူများက အဆိုပါသုံးဦးလွတ်မြောက်ရေး ကြိုးပမ်းနေသည် ။ Credit: