No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

KNU တပ်မဟာ (၁) နယ်မြေမှာ တပ်စခန်းချထားတာတွေ ရုပ်သိမ်းပေးဖို့ ဒေသခံ နှစ်ထောင်နီးပါး ဆန္ဒပြ ~~~~~ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကြားက ကျေးရွာတွေမှာ တပ်မတော်က တပ်စခန်းတွေ ချထားတာကို ရုပ်သိမ်းပေးဖို့ မွန်နဲ့ ကရင်တိုင်းရင်းသားဒေသခံ နှစ်ထောင်နီးပါး ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဘီးလင်းနဲ့ ဘားအံမြို့နယ်ကြားက ပျဉ်းမပင်ဆိပ်ကျေးရွာ၊ ကြသောင်းဆိပ်ရွာ၊ ထီဖာလို့ခီရွာ၊ ဖိုကြားရွာ၊ လေခေါ့ထီရွာ စတဲ့ကျေးရွာ ၁၁ ရွာက ဒေသခံတွေ စုပေါင်းပြီး တောင်းဆိုခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာ (၁) နယ်မြေမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် BGF က တပ်စွဲထားတာကို အလိုမရှိဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ နော်အုန်းကျင်က ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်ကြားက ကြသောင်းဆိပ်ရွာ၊ ဝင်တာပန်ရွာနဲ့ လေကေကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဖြစ်ပါတယ်။ ကြသောင်းဆိပ်ရွာမှာ နယ်ခြားစောင့်တပ် ၊ လေကေရွာနဲ့ ဝင်တာပန်ရွာမှာ နယ်ခြားစောင့်တပ်နဲ့ တပ်မတော်က တပ်စခန်းတွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ အတွင်းက တပ်မတော်စခန်းတွေကို ရုပ်သိမ်းပေးဖို့ မြစ်ကျိုးရွာကနေ လေကေကျေးရွာအထိ ဒေသခံတွေက လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ - Unicode --------------- KNU တပ်မဟာ (၁) နယ်မြေမှာ တပ်စခန်းချထားတာတွေ ရုပ်သိမ်းပေးဖို့ ဒေသခံ နှစ်ထောင်နီးပါး ဆန္ဒပြ ~~~~~ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကြားက ကျေးရွာတွေမှာ တပ်မတော်က တပ်စခန်းတွေ ချထားတာကို ရုပ်သိမ်းပေးဖို့ မွန်နဲ့ ကရင်တိုင်းရင်းသားဒေသခံ နှစ်ထောင်နီးပါး ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဘီးလင်းနဲ့ ဘားအံမြို့နယ်ကြားက ပျဉ်းမပင်ဆိပ်ကျေးရွာ၊ ကြသောင်းဆိပ်ရွာ၊ ထီဖာလို့ခီရွာ၊ ဖိုကြားရွာ၊ လေခေါ့ထီရွာ စတဲ့ကျေးရွာ ၁၁ ရွာက ဒေသခံတွေ စုပေါင်းပြီး တောင်းဆိုခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာ (၁) နယ်မြေမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် BGF က တပ်စွဲထားတာကို အလိုမရှိဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ နော်အုန်းကျင်က ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်ကြားက ကြသောင်းဆိပ်ရွာ၊ ဝင်တာပန်ရွာနဲ့ လေကေကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဖြစ်ပါတယ်။ ကြသောင်းဆိပ်ရွာမှာ နယ်ခြားစောင့်တပ် ၊ လေကေရွာနဲ့ ဝင်တာပန်ရွာမှာ နယ်ခြားစောင့်တပ်နဲ့ တပ်မတော်က တပ်စခန်းတွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ အတွင်းက တပ်မတော်စခန်းတွေကို ရုပ်သိမ်းပေးဖို့ မြစ်ကျိုးရွာကနေ လေကေကျေးရွာအထိ ဒေသခံတွေက လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ - Zawgyi --------------- Photo: Min Khine Soe Linn/ RFA Crd