
# စစ်အာဏာရှင်စံနစ်အား ဆန့်ကျင်တိုက်ပွဲဝင်နေသော ပြည်သူသို့ အသိပေးခြင်း မဇ္ဈိမတီဗီ ချန်နယ် (Free-To-Air Mizzima TV channel) အား PSI စလောင်း၊ MyTV စလောင်း၊ Hello Box Receiver အပါအဝင် တစ်ခြားနည်လမ်းများဖြင့် မြန်မာပြည်တဝှမ်းမှ ပြည်သူများ နံနက် ၆ နာရီ မှ ည ၁၂ နာရီ အထိ ကြည့်ရှု့နေပါသည်။ မိမိတို့ဒေသတွင် စစ်အာဏာသိမ်း ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုများ၊ စစ်ကောင်စီ၏ စစ်တပ်၊ ရဲ တို့က အကြမ်းဖက်မှုများ၊ နှင့် CDM လုပ်နေသူ နိုင်ငံ့ဝန်ထမ်းများအပါအဝင်၊ ပြည်သူတို့၏ အမြင်များ၊ ဆန္ဒများ၊ စသည်တို့ကို မဇ္ဈိမ မီဒီယာသို့ Viber 09421010100 သို့ အချိန်မရွေး ပေးပို့နိုင်ပါသည်။ စစ်အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ (၁) ရက်မှစပြီး မြန်မာနိုင်ငံတဝှမ်း မှ Video များ၊ နေ့စဉ်ပေးပို့နေသော Citizen Journalist (CJ) များအား လည်း အထူးကျေးဇူးတင်ရှိကြောင်း၊ ပြောကြားလိုပါသည်။ မိမိဒေသ နှင့် မိမိနေရာအနီးတဝိုက်တွင် ဖြစ်ပေါ်နေပြီး၊ အများပြည်သူတို့ သိသင့်သိထိုက်သည်ကို လည်း မိမိ၏ Facebook မှ တစ်ဆင့် Live လွှင့်ပါက၊ Mizzima TV channel က တိုက်ရိုက်ယူပြီး (မိမိအနေနှင့် ဘာမှ လုပ်စရာမလိုပါ၊ နေရာ နှင့် အချိန်၊ ဖြစ်နေသည့်အကြောင်းအရာကိုသာ ရေးပြီး၊ မိမိ မိုဘိုင်းဖုံးကိုသာ ငြိမ်ငြိမ်လေးကိုင်ထားပြီး၊ လွှင့်နေပါ)၊ အများပြည်သူသို့ အချိန်နှင့်တပြေးညီ ပြန်လွှင့်ပေးလို့ရပါသည်။ ပြည်သူနှင့်အတူ Mizzima TV Channel Credit: