
မုံရွာမြို့က ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက လူအင်အားထောင်ချီစုရုံးကာ စောင့်ကြည့်မှုတွေကြားကနေ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ အရင်လို နေရာအတည်တကျ စုဝေးချီတက်တာမျိုးမဟုတ်ဘဲ ၄၊ ၅ ယောက် တစ်တစ်ဖွဲ့တွေကနေ စုစည်းကာ ချီတက်ကြတာလည်းဖြစ်ပါတယ်။ မနေ့ကလိုပဲ ပင်မထိုင်သပိတ်ကို ခဏတာပြုလုပ်ခဲ့ပြီး သပိတ်ဦးဆောင်ကော်မတီဝင်တွေက မကြောက်တရားတွေဟောပြောခဲ့သလို မုံရွာမြို့နယ် ပအဖရဲ့ ထုတ်ပြန်ကြေငြာချက်အရ အကြမ်းဖက် စစ်တပ်၊ ရဲတို့ကို ပြန်လည်ခုခံနိုင်ဖို့ ရပ်ကွက်ကျေးရွာအလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ဖွဲ့စည်းကြရေးအတွက်ထုတ်ပြန်တဲ့ကြေငြာချက်ကိုလည်း ဖတ်ကြားခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သပိတ်စစ်ကြောင်းကို အေးချမ်းစွာလူစုခွဲခဲ့ကြပါတယ်။ #dvbtvnews #monywa #RejectMilitaryCoup #protest #whatishappeninginmyamar Credit: