No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အပါအဝင် ကိုဗစ် ကာကွယ်ဆေးမထိုးသင့်တဲ့ လူအုပ်စုတွေအကြောင်းကို မြန်မာပြည် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပေးလိုက်ပါတယ်။ ဇန်နဝါရီ (၂၃) ရက်ကထုတ်ပြန်လိုက်တဲ့ ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်သောမေးခွန်းနှင့်အဖြေများ (အပိုင်း-၂) မှာ ထည့်သွင်းထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို ကိုဗစ်အတည်ပြုလူနာတွေ၊ သံသယလူနာနဲ့ ရောဂါလက္ခဏာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးတဲ့သူတွေ မထိုးရပါဘူး။ ကိုဗစ်သံသယ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ ဖျားနာ၊ အနံအရသာပျောက်နေသူတွေ၊ အသက်ရှုရခက်ခဲသူတွေ ကာကွယ်ဆေးမထိုးသင့်သလို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အသက် (၁၈) နှစ်အောက်ရှိသူတွေ မထိုးသင့်ဘူး လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကိုယ်အင်္ဂါ အစားထိုးကုသထားသူ၊ ခုခံအားကျရောဂါရှိသူနဲ့ ခုခံအားကျ ဆေးဝါးသုံးစွဲသူရသူတွေ အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်မသင့်ကို သက်ဆိုင်ရာ ဆရာဝန်တွေဆီမှာ ကြိုတင်တိုင်ပင် ရမှာဖြစ်ပါတယ်။ ကိုယ်အင်္ဂါ အစားထိုးကုသထားသူ၊ ခုခံအားကျရောဂါရှိသူနဲ့ ခုခံအားကျ ဆေးဝါးသုံးစွဲသူရသူတွေ အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်မသင့်ကို သက်ဆိုင်ရာ ဆရာဝန်တွေဆီမှာ ကြိုတင်တိုင်ပင် ရမှာဖြစ်ပါတယ်။ နာတာရှည်ရောဂါအခံရှိသူတွေကတော့ ကိုဗစ်ကူးစက်နိုင်ခြေ၊ သေဆုံးနိုင်ခြေများတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးကိုတော့ ထိုးသင့်တယ်လို့ ဖော်ပြပါရှိပါတယ်။ Crd