No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ချင်းပြည်နယ်မှာ ၁၉၈၆၊ ၁၉၄၈ ဥပဒေတွေနဲ့ ဓလေ့ထုံးတမ်းဥပဒေအရ အုပ်ချုပ်မည် ~~~~~~ ■ လက်ရှိချင်းပြည်နယ်ကို ၁၉၈၆ ချင်းတောင်တန်းဒေသ စီမံအုပ်ချုပ်ရေးဥပဒေနဲ့ ချင်းဝိသေသတိုင်း ၁၉၄၈ ပြဌာန်းချက်တွေအရ လည်းကောင်း၊ သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်း ဥပဒေအရ သော်လည်းကောင်း စီမံအုပ်ချုပ်ပြီး ပြည်သူ့ကာကွယ်ရေး၊ တရားစီရင်ရေး ကိစ္စရပ်တွေကို ဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ် မြို့နယ် (၈) မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာလိုက်ပါတယ်။ ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ တီးတိန်၊ ထန်တလန် နဲ့ တွန်းဇံမြို့နယ်တွေက ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေက မတ်လ ၁၃ ရက် မနေ့က ထုတ်ပြန်လိုက်တာပါ။ မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့က လူထုရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာက ၂ဝဝ၈ အခြေခံဥပဒေကို ပျက်ပြယ်စေပြီးဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေ၊ အမိန့် ၊ စည်းမျဉ်းစည်းကမ်းတွေကို လုံးဝ အသိအမှတ်မပြုကြောင်းလည်း အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။ Credit: