
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ အသက် (၅၃) နှစ် အရွယ် ဒေါ်ကေကြည် ရဲ့ ဈာပနကို ဒီကနေ့ မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီ က ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မဟာအောင်မြေမြို့နယ် အရှေ့ပတ္တာရပ်ရှိ နေအိမ် ကနေ အေးရိပ်ငြိမ် သုဿာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့သည်။ ဒေါ်ကေကြည် ဟာ တူဖြစ်သူနဲ့အတူ အကြမ်းဖက် ပစ်ခတ်တဲ့နေရာကို ရောက်ရှိခဲ့ပြီး ၈၉ လမ်း၊ ၄၁လမ်း နဲ့ ၄၂ လမ်းကြားရှိ ရွှေကူ ဓမ္မာရုံအနီးမှာ ဦးခေါင်း ဘယ်ဘက်ခြမ်း ကျည်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့တာပါ။ #dvbtvnews #mandalay #whatishappeninginmyanmar Credit: