No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

G-Fatt ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အွန်လိုင်းကနေ အခမဲ့ကြည့်ရှုနိုင်မယ် ဇန်နဝါရီ - ၁၁၊၂၀၂၁ G Fatt ရဲ့ တတိယအကြိမ်မြောက်ပြုလုပ်မယ့်တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာနဲ့ ရုပ်သံလိုင်းတွေကနေ အခမဲ့ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။ ILLUSION PARADISE လို့ နာမည်ပေးထားပြီး ပရိသတ်တွေမသိအောင် ကြိုတင်ပြင်ဆင်ပြီးစီစဉ်နေခဲ့တာလို့ G Fatt ကပြောပါတယ်။ ဖျော်ဖြေပွဲအတွက် ကြိုတင်စီစဉ်ရိုက်ကူးထားမှာဖြစ်ပြီး ထုတ်လွှင့်မယ့်နေ့မှသာ ပရိသတ်တွေနဲ့အတူတူ ပွဲကို စတင်ခံစားကြည့်ရှုသွားမယ်လို့ G-Fatt ကဆိုပါတယ်။ G-Fatt ရဲ့ ILLUSION PARADISE ဖျော်ဖြေပွဲကိုတော့ ဇန်နဝါရီ ၁၃ ရက်နေ့၊ ည ၇ နာရီမှာ စတင်မှာဖြစ်ပြီး GFatt Official Fan Page , Channel K ရုပ်သံလိုင်း, V7 Entertainment လူမှုကွန်ရက်စာမျက်နှာ , Mytel Myanmar လူမှုကွန်ရက်စာမျက်နှာနဲ့ MyID App (Free DATA) တို့ကနေ တစ်ပြိုင်တည်းထုတ်လွှင့်ပြသွားမှာဖြစ်ပါတယ် ။ Credit: 7Day TV