
တရုတ်သို့တင်ပို့နေသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ မြန်မာကျွမ်းကျင်ဝန်ထမ်းများ CDM ပါဝင် . တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနေသော ရခိုင်ကမ်းလွန်ရှိရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ မြန်မာကျွမ်းကျင်ဝန်ထမ်းဦးရေ (၆ဝ)ကျော်သည် မတ်လ ၁၅ ရက်မှစ၍ အလုပ်ဆင်းခြင်းမရှိတော့ကြောင်း သိရသည်။ . “Posco ကမ်းလွန်ရေနံစင်ပေါ်က မြန်မာအလုပ်သမားတွေ ယနေ့ လုပ်ငန်းခွင်ကို ကျောခိုင်းကာ အိမ်ကို ပြန်လာကြပါပြီ”ဟု ဝန်ထမ်းတစ်ဦးက မတ် ၁၅ ရက်တွင် ၎င်း၏ လူမူကွန်ရက်တွင် ရေးသားထားသည်။ . စီမံကိန်းတခုလုံးရပ်တန့်သွားရန် ကုန်းတွင်းရေနံမြေ ကျွမ်းကျင်လုပ်ငန်း၊ သယ်ယူထောက်ပံ့ဝန်ထမ်းနှင့် ရုံးဝန်ထမ်းများကိုလည်း ၎င်းတို့နည်းတူ အလုပ်မဆင်းဘဲ လစာမဲ့ခွင့်ယူကြရန် တိုက်တွန်းထားသည်။ . ကိုရီးယား Daewoo ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသော ရခိုင်မြောက်ပိုင်ါှ်ရိကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေ သဘာဝဓာတ်ငွေ့ တူးဖော် ရေးလုပ်ကွက်သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ထွက်ရှိပြီး ၂၀၁၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေသည်။ . Justice for Myanmar၏ စစ်တမ်းများအရ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အစိုးရကောက်ခံရငွေသည် ဒေါ်လာ သန်း ၂၀၀ ရှိပြီး ကျန်ကမ်းလွန်လုပ်ကွက် သုံးခုမှ ဒေါ်လာ သန်း ၅၀၀ ရှိသည်ဟု သိရသည်။ . ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယားကုမ္ပဏီ POSCO ကရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ကိုရီးယားဂက်စ် ကော်ပိုရေးရှင်း၊ အိန္ဒိယအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း၊ အိန္ဒိယနိုင်ငံမှ Gail ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ အချိုးကျ ပါဝင် ရင်းနှီးမြှုပ်နှံထားသည်။ . ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြန်မာ့ကမ်းလွန်ရှိ ရတနာ၊ ဇောတိက၊ ရွှေနှင့် ရဲတံခွန်ဟူသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုမှ ဝန်ထမ်းများ အလုပ်မဆင်းဘဲ CDMတွင် ပါဝင်ရ န်တောင်းဆိုထားသည်။ . ကိုးကား : Myanmar Now ဓာတ်ပုံ :Google . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: