
အနံ့ခံခွေးများ အသုံးပြုပြီး ကိုဗစ်လူနာကို ရှာဖွေနိုင်ရန် ကျူလာလောင်ကွန်းတက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနမှ တိရိစ္ဆာန်ဆရာဝန်များအဖွဲ့နှင့် သိပ္ပံဌာနမှ သုတေသနအဖွဲ့တို့က ကုမ္ပဏီတစ်ခုထံမှထောက်ပံ့ငွေနဲ့စီ မံကိန်းတစ်ခုအကောင်အထည် ဖေါ်လျက်ရှိကြောင်းသိရပါတယ်။ . “ခွေးတွေဟာ လူသားတွေထက် အနံ့ခံနှုန်းပိုကောင်းတယ် အထူးသဖြင့် ကနေဒါနိုင်ငံမျိုးစိပ်ဖြစ်တဲ့ Labrador ခွေး ၆ ကောင်ကို ဒီစီမံကိန်းမှာအသုံးပြုဖို့အတွက် အထူးလေ့ကျင့်သင်ကြားပေးနေပါတယ်။ Labrador ခွေးမျိုးစိတ်တွေက အခြားခွေးမျိုးစိတ်တွေထက် အနံ့ခံနှုန်းပိုကောင်းပါတယ် ဒါကြောင့်လည်းဒီစီမံကိန်းမှာ ရွေးချယ်အသုံးပြုခဲ့တာပါ ဖင်လန်၊ ဂျာမနီ၊ ပြင်သစ်နှင့် သြစတြေးလျ စတဲ့ နိုင်ငံတွေမှာလည်း ရောဂါပိုးရှိသူများကို ခွဲခြားသိနိုင်ရန် ခွေးတွေကို လေ့ကျင့်ပြီး သုတေသနပြုလျက်ရှိတယ်” လို့ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာဒုတိယဌာနမှုး လက်ထောက်ပါမောက္ခ Dr. Kewali Chatdarong က ဆိုပါတယ်။ . လုပ်ငန်းစဉ်အနေနဲ့ကတော့ သုတေသနအဖွဲ့ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့သူတွေရဲ့ ဗိုင်းရပ်စ်ရောထွေးမှု မရှိတဲ့ချွေးနမူနာများကို ဓာတ်ခွဲခန်းတွင်သိမ်းဆည်းကာ လက္ခဏာမပြတဲ့ကိုဗစ်လူနာတွေကို ခွဲခြားစစ်ဆေးချိန်တွင် ခွေးတွေကို အနံ့ခံနိုင်အောင် ချွေးနမူနာကို ဝါဂွမ်း ခြေအိတ်တို့မှာ တို့ကာ အထူးပြုလုပ်ထားတဲ့ ဗူးတွင်း ထည့်ပြီး အနံ့ခံခိုင်းမှာ ဖြစ်တယ်လို့သိရပါတယ်။ . ဆက်လက်ပြီး ကွင်းဆင်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာလဲ သုတေသနအဖွဲ့နှင့် အနံ့ခံခွေးတို့ကို လုံခြုံမှုအပြည့်ရှိအောင် ချိန်ဆတွက်ချက်ထားပြီး ဖြစ်တယ်လို့ သုတေသနပညာရှင်တွေကဆိုပါတယ်။ . အဆိုပါစီမံကိန်းကိုတော့ ၆ လအတွင်း ၃ ဆင့်ခွဲပြီး ပြီးပြတ်အောင် သုတေသနပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ သုတေသနကာလ ပထမအဆင့် ၂ လ အတွင်းမှာ အထူးလေ့ကျင့်ထားတဲ့ခွေးတွေရဲ့ အနံ့ခံစွမ်းအင်ကို လေ့လာမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ခွေးတွေကို လူနေမှုထူထပ်တဲ့နေရာတွေမှာ လုံခြုံရေးရဲတွေနဲ့ တွဲဖက ကွင်းဆင်းလေ့ကျင့်ပေးသွားမှာဖြစ်ပြီး တတိယအဆင့်မှာတော့ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူများကို ခွဲခြားသတ်မှတ်ရန် ပြင်ဆင်ထားတဲ့ သုတေသနပစ္စည်းများနှင့် တိုးချဲ့ လုပ်ဆောင် သွားမှာဖြစ်တယ်လို့သိရပါတယ်။ . ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲလူနာတွေကို အနံ့ခံခွေးများအသုံးပြုပြီး ရှာဖွေမယ့်စီမံကိန်းပြီးသည့် အလျောက် ထိုင်းနိုင်ငံအနေနဲ့ အနာဂါတ်မှာ စိတ်ကျရောဂါ၊ ငှက်ဖျားရောဂါနဲ့၊ ဆီးချိုရောဂါသည်များကို ရှာဖွေသိရှိနိုင်ရန် ခွေးတွေကို လေ့ကျင့်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ . WinHtet(MML) Ref: chulanews . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Credit: