No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အီတလီနိုင်ငံ ရောမမြို့တော်ခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဂုဏ်ပြုချိတ်ဆွဲ ~~~~ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းတရားစွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အီတလီနိုင်ငံ ရောမမြို့တော်ဝန်က တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုလည်း ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ဒီကနေ့ ဂုဏ်ပြုချိတ်ဆွဲခဲ့တာပါ။ ဒီလိုဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးကို လေးစားပြီး အကြမ်းမဖက်ရေးမူကို တသက်လုံး တစိုက်မတ်မတ် လက်ကိုင်စွဲခဲ့တဲ့ တန်ဖိုးထားလေးစားသင့်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ကြိုးစားနေသူ၊ ဂုဏ်ထူးဆောင်ရောမမြို့တော်သူလည်းဖြစ်တယ်လို့ အီတလီနိုင်ငံ ရောမမြို့တော်ဝန် Virgina Raggi က ပြောဆိုခဲ့ပါတယ်။ ရောမမြို့တော်ဝန် Raggi ဟာ အီတလီနိုင်ငံမှာရှိတဲ့ မြန်မာ့အရေးတက်ကြလှုပ်ရှားသူများရဲ့ကိုယ်စားလှယ် ဒေါ်ရီမွန်ဝင်းဖေ၊ အီတလီ-မြန်မာအဖွဲ့အထွေထွေအတွင်းရေးမှူး Cecilia Brighi တို့လည်း တွေ့ဆုံခဲ့ပါတယ်။ အီတလီနိုင်ငံဟာ ၁၉၉၄ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ရောမမြို့တော်သူဆုကို ချီးမြှင့်ခဲ့ပြီး၊ ၂ဝ၁၃ ခုနှစ်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ-သူဇာလင်း Credit: