
(Edit - အချို့က kpay နဲ့ Google rate ကိုကြည့်နေကြလို့ ပါ google rate နဲ့ kpay rate က ဘဏ်တွေမဖွင့်တော့ တကယ် dollar ဝယ်ချင်ရင် money changer တွေမှာပဲဝယ်လို့ရပါတယ် အမတို့လို US dollar နဲ့အလုပ်လုပ်တဲ့သူတွေက money changer တွေဆီကပဲအခုအခြေအနေမှာဝယ်ရပါတယ် အရင်ကဆို ဗဟိုဘဏ်က ဒေါ်လာစျေးဝင်ထိန်းပေးပေမဲ့ အခုချိန်က သိတဲ့အတိုင်းပါပဲ 😞 source ကို comment မှာရေးထားပါတယ် ) Admin တစ်ယောက်တော့ တစ်နေ့တစ်နေ့ မြန်မာငွေစျေး ထိုးကျ နေတာကြည့်ရင် သွေးတွေတက် 😭 Jan 30 ရက်နေ့အထိ အမေရိကန် ၁ ဒေါ်လာစျေးက မြန်မာငွေ 1337 ထိပဲပေါက်ပါတယ် ‼️ Feb 1ရက်နေ့ကတည်းက ဒေါ်လာစျေးတွေ တောက်လျှောက်တတ်လာတာ Mar 30 ညအထိကို အမေရိကန်၁ ဒေါ်လာစျေးက မြန်မာငွေ 1540 ဖြစ်ပြီးတော့ Mar 31 ရက်နေ့မှာတော့ အမေရိကန် ၁ ဒေါ်လာစျေးက မြန်မာငွေ 1580 ဖြစ်သွားပြီးတော့ ဒီနေ့ Apr 1 ရက်နေ့မှာ မနက် 11:30am မှာ အမေရိကန် ၁ ဒေါ်လာစျေးက မြန်မာငွေ 1600 ဖြစ်သွားပါပြီ ‼️ မြန်မာငွေစျေးက 20% နီးပါးလောက်ကျသွားတာပါ အဲ့ဒါဘာဖြစ်လဲဆိုတော့ US $ နဲ့ဝယ်ရတဲ့ပစ္စည်းမှန်သမျှက အရင်ထက် 20% လောက် စျေးတက်လာမှာပါ အရင်က 10,000ks ရှိရင် ဝယ်လို့ရတဲ့ ပစ္စည်းက အခုဆို 12,000ks လောက်ပေးရမှာပါ US ဒေါ်လာနဲ့ဆို အရင်က $10 ကို 13370ks လောက် ပေးရတာကနေ အခုဆို $10 ကို 16000ks လောက်ပေးရတော့မှာပါ ဒါတောင် ဒီနေ့ အထိ စျေးနဲ့ တွက်ပြထားတာပါ အမေရိကန်ဒေါ်လာတင်မဟုတ်ပါဘူး ဒီနေ့ ဆိုရင် စင်ကာပူ ၁ဒေါ်လာ ကို မြန်မာငွေ 1110 ks ထိုင်းဘတ် ၁ ဘတ် ကို မြန်မာငွေ 47.5ks စတာလင် ၁ပေါင်ကို မြန်မာငွေ 1980ks ဖြစ်နေပါပြီ ကိုယ်လက်ထဲရှိတဲ့ မြန်မာငွေတန်ဖိုးက တရိပ်ရိပ် စျေးကျလာတာ တစ်တိုင်းပြည်လုံးထိခိုက်တာပါ 😢 Credit: