No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကမာအောင်လှေဆိပ်၌ ရေယာဉ်အသင်းသားများ ဆန္ဒပြ ========= ကမာအောင် စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူတွေက အသင်းရဲ့ငွေစာရင်းကို ၁၁ နှစ်ကျော်ကြာအောင် အသင်းသားများအား ရှင်းလင်းခြင်းမရှိတဲ့အတွက် အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်မြို့ တစ်ဖက်ကမ်းက ကမာအောင်လှေဆိပ်မှာ ရေယာဉ်လုပ်သားများက ဇန်နဝါရီ ၂၃ ရက် (ယနေ့) ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီအသင်းမှာ ရေယာဉ်အသင်းသား ၁၈၀ခန့်ရှိပြီး နေ့စဉ်ကြေး ကျပ် ၁၂၀၀ အပါအဝင် အခြားသော အသင်းကြေးအမျိုးမျိုး၊ စက်ဘီး၊ ဆိုင်ကယ်အပ်ငွေနဲ့ အခြားသော ဝင်ငွေတွေ ရှိနေပေမယ့် ဘယ်လိုနေရာတွေမှာ အသုံးချနေတယ်ဆိုတာအသင်းသားများကို ရှင်းပြခြင်းမရှိတာကြောင့် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ရေယာဉ်လုပ်သားများက ဆိုပါတယ်။ သတင်း- ဖိုးဝ ဓာတ်ပုံ- မာနော် မြန်မာတိုင်းမ် Crd